သွင်းကုန်ပြပွဲ

April 27, 2018

တရုတ်တွင် ပထမဆုံးအကြိမ်ကျင်းပမည့် အပြည်ပြည်ဆိုင်ရာ သွင်းကုန်ပြပွဲ ၆၁ နိုင်ငံ ပြသမည်

တရုတ်နိုင်ငံမှာ ပထမဆုံးအကြိမ် ကျင်းပမယ့် အပြည်ပြည်ဆိုင်ရာ သွင်းကုန်ပြပွဲမှာ နိုင်ငံပေါင်း ၆၁ နိုင်ငံက ဝင်ရောက်ပြသမယ်လို့ တရုတ်စီးပွားကူးသန်းဝန်ကြီးဌာနက ပြောကြားပါတယ်။ တရုတ် စီးပွားကူးသန်းဝန်ကြီးဌာန ပြောခွင့်ရသူ ကောင်းဖုန်းက “ပြပွဲမှာပါဖို့ ၆၁ နိုင်ငံက အတည်ပြုပြီးပါပြီ။ စီးပွားရေးလုပ်ငန်းစု အရေအတွက်ကို ပြောရရင် ဧပြီ ၂၄ ရက်နေ့မှာ ကုမ္ပဏီပေါင်း ၁၀၂၂ ခုက လက်မှတ်ထိုးပြီးပါပြီ။ ပြပွဲလုပ်မယ့် နေရာအကျယ် ပတ်ပတ်လည်က မီတာ တသိန်းခုနှစ်သောင်းခွဲရှိမှာပါ” လို့ သတင်းစာရှင်းလင်းပွဲမှာ ပြောသွားပါတယ်။ ဆက်လက်ပြီး သူက “ကမ္ဘာ့ထိပ်တန်းကုမ္ပဏီ ၅၀၀ လောက်ထဲက ၁၀၀ နီးပါးနဲ့ ပို့ကုန်နယ်ပယ်က ခေါင်းဆောင်တွေ ပါဝင်မယ်။ အမေရိကန်၊ ဂျာမနီ၊ ဂျပန်၊ တောင်ကိုရီးယား၊ ပြင်သစ်၊ ဗြိတိန်တို့လို ဖွံ့ဖြိုးပြီးနိုင်ငံတွေထဲက ကုမ္ပဏီတွေက ၃၄ ရာခိုင်နှုန်း၊ ခေတ်သစ်ပိုးလမ်းမပေါ်မှာရှိတဲ့ နိုင်ငံထဲက ကုမ္ပဏီတွေက ၃၄ ရာခိုင်နှုန်း ပါဝင်ပြသပါမယ်။ ဖွံ့ဖြိုးမှုနည်းသေးတဲ့ နိုင်ငံတွေထဲက ကုမ္ပဏီ ၁၀ ရာခိုင်နှုန်း ပါပါမယ်” လို့ ပြောပါတယ်။ ပြပွဲဖြစ်မြောက်ရေးကော်မတီဟာ ပြည်ပဝယ်လက်တွေကို ဖိတ်ခေါ်သွားမလားဆိုတာ သုံးသပ်နေတယ်လို့လည်း သူက ပြောပါတယ်။ ဒီပြပွဲကိုတက်ရောက်မယ့် ပြည်တွင်းပြည်ပ ဝယ်လက်အရေအတွက်ဟာ တသိန်းခွဲကျော်အထိ ရှိနိုင်တယ်လို့ ကော်မတီက ခန့်မှန်းထားပါတယ်။
4 years Ago
Up