သြဂုတ်

July 31, 2020

ပြည်နယ်နှင့်တိုင်းအချို့တွင် သြဂုတ် ၃ ရက်မှ ၈ ရက်နေ့အတွင်း မိုးကြီးမည်

တောင်တရုတ်ပင်လယ်ပြင်မှာ ဖြစ်ပေါ်နေတဲ့ အပူပိုင်း မုန်တိုင်းငယ်ရဲ့ အကြွင်းအကျန် တိမ်တိုက်တွေ ဖြတ်သန်းလာမှုနဲ့ ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော်တို့မှာ မုတ်သုံလေအားကောင်းရာမှ အားအလွန်ကောင်းလာနိုင်တယ်လို့ မိုးဇလက ဒီနေ့မွန်းလွဲပိုင်း ထုတ်ပြန်ပါတယ်။ သြဂုတ် ၃ ရက်ကနေ ၈ ရက်နေ့အတွင်း ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ရှမ်းပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့မှာ နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး ဒေသအလိုက် မိုးကြီးခြင်း နဲ့ နေရာကွက်၍ မိုးကြီးခြင်းများ ဖြစ်ပေါ်နိုင်ပါတယ်။ အဲဒီကာလ ၂၄ နာရီအတွင်း မိုးရေချိန် ၃ လက်မ (၇၇-မီလီမီတာ) နဲ့အထက် ရွာသွန်းနိုင်တယ်လို့ မိုးဇလက ထုတ်ပြန်ထားပါတယ်။
9 months Ago

May 7, 2020

ချန်ပီယံလိဂ်ပြိုင်ပွဲ သြဂုတ် ၈ ရက် စတင်နိုင်ရန် ဥရောပဘောလုံးအဖွဲ့ချုပ် စီစဉ်

ချန်ပီယံလိဂ်ပြိုင်ပွဲကို လာမယ့်သြဂုတ်လဆန်း စတင်ကျင်းပနိုင်ဖို့ ဥရောပဘောလုံးအဖွဲ့ ချုပ်က သတ်မှတ်လိုက်ပါတယ်။  ချန်ပီယံလိဂ်ပွဲစဉ်တွေကို ၁၆ သင်းအဆင့်မှာ ရပ်နားထားခဲ့ရတာဖြစ်ပြီး ဒုတိယအကျော့ပွဲစဉ် ၄ ပွဲဆက်ကစားဖို့ ရှိနေတာပါ။  ဥရောပဘောလုံးအဖွဲ့ချုပ် တာဝန်ရှိသူတွေဟာ မေ ၆ ရက်နေ့က အစည်းအဝေးပြုလုပ်ခဲ့ပြီး လာမယ့်သြဂုတ် ၈ ရက်မှာ စတင်ကျင်းပဖို့ သတ်မှတ်ခဲ့တယ်လို့ သိရပါတယ်။  ထိပ်တန်းလိဂ်ပြိုင်ပွဲတွေအားလုံးကို ဇူလိုင်လကုန်မှာ အပြီးကျင်းပဖို့ ညွှန်ကြားထားပြီး ၁၆ သင်းအဆင့် လက်ကျန်ပွဲစဉ် ၄ ပွဲကို သြဂုတ် ၈ ရက် စတင်ဖို့ စီစဉ်ထားပါတယ်။  ကွာတားဖိုင်နယ်၊ ဆီမီးဖိုင်နယ်နဲ့ ဗိုလ်လုပွဲစဉ်တွေကိုတော့ စက်တင်ဘာလအတွင်း ကျင်းပဖို့ လျာထားတယ်လို့ သိရပါတယ်။  ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ပီအက်စ်ဂျီ၊ အက်သလက်တီကို၊ အက်တလန်တာနဲ့ လိုက်ဇစ်တို့က ကွာတားဖိုင်နယ် တက်ရောက်ထားပြီးဖြစ်ပါတယ်။  လက်ကျန် ဒုတိယအကျော့ ပွဲစဉ်တွေအဖြစ် ဘိုင်ယန်မြူးနစ်နဲ့ ချဲလ်ဆီး၊ ဘာစီလိုနာနဲ့ နာပိုလီ၊ မန်စီးတီးနဲ့ ရီးရဲလ်မက်ဒရစ်၊ ဂျူဗင်တပ်နဲ့ လိုင်ယွန်အသင်းတို့ ကစားရမှာဖြစ်ပါတယ်။ 
11 months Ago
Up