တရုတ်နိုင်ငံမြို့တော် ဘေဂျင်းမှာ ဇူလိုင်လ ၁၉ ရက်နေ့က ၁၄ ကြိမ်မြောက် နိုင်ငံတကာ သံပြိုင် ဂီတပွဲတော်ကို စတင်ဖွင့်လှစ်ခဲ့ပါတယ်။
အဲဒီပွဲတော်မှာ နိုင်ငံနဲ့ ဒေသပေါင်း ၅၉ ခုက သံပြိုင်သီဆိုသူ ၁၅,ဝဝဝ လောက်ပါဝင် ဖျော်ဖြေကြမှာ ဖြစ်ပြီး ဇူလိုင်လ ၁၉ ရက်နေ့ကနေ ၂၅ ရက်နေ့အထိ တပတ်ကြာ ကျင်းပမှာ ဖြစ်ပါတယ်။
ဖွင့်ပွဲနေ့မှာတော့ ကမ္ဘာ့တိုက်ကြီး ၅ ခုက သံပြိုင်သီဆိုသူတွေဟာ နာမည်ကျော် သီချင်းတွေနဲ့ သီဆို ဖျော်ဖြေခဲ့ကြပါတယ်။
“ဒီနှစ် သံပြိုင်ဂီတပွဲတော်ဟာ ခါတိုင်းနှစ်ထက် ပါဝင်ဖျော်ဖြေသူ အရေအတွက်ရော ပွဲတော်အတိုင်းအတာပါ ကြီးမားပြီး ဒီလို ပွဲတော်မျိုးကို အာရှတွင်သာမက ကမ္ဘာမှာပါ မြင်တွေ့ရခဲတယ်” လို့ ပွဲတော်ကျင်းပရေး တာဝန်ရှိသူတဦးက ပြောခဲ့ပါတယ်။
တရုတ်နိုင်ငံတကာ သံပြိုင်ဂီတ ပွဲတော်ကို ၁၉၉၂ ခုနှစ်က စတင်တည်ထောင်ခဲ့ပြီး ပွဲတော်ကို ၂ နှစ် ၁ ကြိမ် ကျင်းပတယ်လို့ စီစီတီဗွီသတင်းမှာ ဖော်ပြထားပါတယ်။
5 years Ago