သုံးလွှာတိုက်ခန်း

September 3, 2017

သုံးလွှာတိုက်ခန်း သံပန်းကြား တွဲလောင်းညှပ်နေသည့် ကလေးငယ်ကို ကယ်တင် (ရုပ်သံ)

တရုတ်နိုင်ငံ စီချွမ်ခရိုင်  Guang’an မြို့ အဆောက်အအုံတခုရဲ့ ၃ လွှာအခန်းတခန်း ပြတင်းတံခါးသံပန်းတွေမှာ အသက် ၂ နှစ်အရွယ် ကလေးတဦး ညှပ်နေပြီး တွဲလောင်းကျနေတဲ့ ထိတ်လန့်ဖွယ်ရုပ်သံတခု ထွက်ပေါ်လာပါတယ်။ အထိတ်တလန့်ဖြစ်နေကြတဲ့ အိမ်နီးနားချင်းတွေလည်း ကလေးကို ကယ်တင်ဖို့ အဆောက်အအုံရဲ့အောက်ကနေ စောင်တွေ အိပ်ယာခင်းတွေ ကမန်းကတန်း ဖြန့်နေကြတာကို ရုပ်သံထဲမှာ မြင်ရပါတယ်။ ကလေးက အိမ်ထဲမှာ တဦးတည်းရှိစဉ် ကစားရင်း ပြတင်းပေါက်အစွန်းပေါ်ကို တက်ရာကနေ သံပန်းကြားထဲကို ခြေချော်သွားပုံရပါတယ်။ တိုက်ခန်းအဆောက်အအုံရဲ့ ၃ လွှာတိုက်ခန်း ပြတင်းသံပန်းမှာ ကလေးက အဝတ်မပါ ညှပ်ပြီး တွဲလောင်းကျနေတာကို ရုပ်သံထဲမှာ မြင်ရသလို အဆောက်အအုံရဲ့ အောက်ဘက်က အိမ်နီးချင်းတွေနဲ့ ကြည့်နေတဲ့လူတွေရဲ့ အထိတ်တလန့်ဖြစ်နေကြတဲ့ အသံတွေ ကြားနေရပြီး အချို့ကလည်း ကလေးကို ဖမ်းနိုင်ဖို့ စောင်တွေ အိပ်ယာခင်းတွေ ဖြန့်ခင်းနေကြတာပါ။ သတင်းထုတ်ပြန်ချက်တွေအရ နောက်ဆုံးမှာ ကလေးက ညှပ်နေတဲ့ သံပန်းကနေ ပြုတ်ကျလာပြီး ကလေးရဲ့မိသားစုဝင်တွေ ဖြန့်ကိုင်ထားတဲ့ အိပ်ယာခင်းထဲ ထိခိုက်ဒဏ်ရာ မရပဲ အန္တရာယ်ကင်းစွာ ဖမ်းမိလိုက်တယ်လို့ ဆိုပါတယ်။ ကလေးကို မစောင့်ရှောက်ပဲ တယောက်တည်း ချန်ခဲ့လို့ ကလေးရဲ့မိဘတွေကို ရဲတွေက သတိပေးခြင်း ရှိ မရှိဆိုတာတော့ ရှင်းရှင်းလင်းလင်း မသိရဘူးလို့ ဒေးလီးမေးလ်သတင်းတပုဒ်မှာ ဖော်ပြထားပါတယ်။
4 years Ago
Up