သုံးလသမီးက

July 27, 2017

သုံးလသမီးက “ကျမအမေ့ကို ချစ်တယ်” ပြောလို့ အံ့အားသင့်ခဲ့ရသည့် မိခင် (ရုပ်သံ)

အမေရိကန်နိုင်ငံမှာ အသက် ၃ လအရွယ် ဟေဇယ်ကလေးက မိခင်ဖြစ်သူ ဒန်နီယယ်ရဲ့ပေါင်ပေါ်မှာ ထိုင်ပြီး မိခင်ကို “ကျမအမေ့ကို ချစ်တယ်” လို့ ပြောတဲ့ ရုပ်သံ လူမှုကွန်ရက်စာမျက်ထက်မှာ ရေပန်းစားကျော်ကြားနေပါတယ်။ ဒန်နီယယ်က သူမရဲ့ သမီးလေးကို “ကိုယ် မင်းကိုချစ်တယ်လို့ ပြောကြည့်ပါဦး ပြောနိုင်မလား” လို့ သမီးကို လိုက်ပြောခိုင်းကြည့်တဲ့အခါ သမီးလေးက သူမရဲ့မိခင်ပြောတဲ့အတိုင်း လိုက်ပြီး “ကိုယ် မင်းကိုချစ်တယ်” ဆိုပြီး သူ့အသံလေးနဲ့ ပြောနေတာကို ရုပ်သံထဲမှာ တွေ့ရပါတယ်။ ရုပ်သံကို ဒန်နီယယ်ရဲ့ အင်စတာဂရမ်စာမျက်နှာပေါ်တင်ခဲ့ပြီး တုံ့ပြန်မှတ်ချက်ပေးမှုတွေလည်း အတော်ရခဲ့တယ်လို့ ရေးထားပြီး ရုပ်သံရဲ့အောက်မှာ “ကျမကလေး စကားပြောနိုင်တယ်” လို့ ရေးထားပြီး ကြည့်ရှုသူတဦးက “အမလေး တော်လိုက်တာလေး” လို့ တုံ့ပြန်ရေးထားပါတယ်။ အခုနှစ် မေလတုန်းကလည်း နယူးဂျာဆီပြည်နယ်မှာ တက်ဆိုသူက သူ့သားငယ် ဘန်ကို “ကိုယ်မင်းကိုချစ်တယ်ဆိုတဲ့ စကား” သင်ပေးပြီး ရင်ခွင်ပိုက်ကလေးငယ်က ဖခင်အတိုင်း လိုက်ပြောနေတဲ့ရုပ်သံ ရိုက်ကူးပြီး ယူကျု့ပေါ်တင်ခဲ့လို့ ကြည့်ရှုသူပေါင်း ၂ သိန်းကျော် ရှိခဲ့တယ်လို့ သိရပါတယ်။ ကလေးငယ်တွေက အသက် ၁၂ လနဲ့ ၁၈ လကြားမှာ ပထမဦးဆုံး စကားကို စပြောတတ်ကြပြီး ကလေးအများစုကတော့ ရိုးရှင်းတဲ့စကားတွေဖြစ်တဲ့ “မာမာ” “ဒါဒါ” ဆိုတဲ့စကားတွေကို သူတို့အသက် ၁ နှစ်လောက်အရွယ်မှာ ပြောတတ်တယ်လို့ သိရပါတယ်။ အဲန်အိတ်ခ်ျအက်စ်သတင်းအရ ရင်ခွင်ပိုက်ကလေးတွေက အသက် ၁ နှစ်ခွဲနဲ့ ၂ နှစ်ဝန်းကျင်အထိ စကားစပြောရာမှာ စာကြောင်းတကြောင်းပြည့်အောင် မပြောကြဘူးလို့ မေရာသတင်းမှာ ဇူလိုင် ၂၆ ရက်နေ့က ဖော်ပြထားပါတယ်။
4 years Ago
Up