သုံးစွဲရန်မသင့်ကြောင်း ကြေညာ

A d v e r t i s e m e n t With Us

May 26, 2017

ထိုင်းအလှကုန်ပစ္စည်းတစ်မျိုး သုံးစွဲရန်မသင့်ကြောင်း ကျန်းမာရေးဌာန သတိပေး

ထိုင်းအလှကုန်ပစ္စည်းတမျိုးမှာ တားမြစ်ဓာတုပစ္စည်း ပါဝင်နေတဲ့အတွက် သုံးစွဲဖို့ မသင့်တဲ့ အကြောင်း ကျန်းမာရေးနဲ့ အားကစား ၀န်ကြီးဌာနက သတိပေးကြေညာလိုက်ပါတယ်။ အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနက ပြည်တွင်းမှာ ရောင်းချနေတဲ့ အလှကုန်ပစ္စည်းတွေကို စစ်ဆေးနေရာမှာ ထုတ်လုပ်တဲ့ကုမ္ပဏီကို ထိုင်းဘာသာနဲ့ ဖော်ပြထားတဲ့ Shinete’ Giftset အမျိုးအစား အလှကုန်ဟာ တရားဝင် မှတ်ပုံတင်ထားခြင်းမရှိဘူးလို့ ဆိုပါတယ်။ ဒါ့အပြင် အဆိုပါအမှတ်တံဆိပ် Night Cream အလှကုန်ပစ္စည်းမှာ ကျန်းမာရေးအတွက် ဘေးအန္တရာယ်ဖြစ်စေတဲ့ Hydroquinone တားမြစ်ဓာတ်တုပစ္စည်း ပါဝင်နေတာ တွေ့ရ တယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ အဆိပ်သင့် ဓာတုပစ္စည်းတွေဟာ အရေပြားယားယံတာ ၊ ရောင်ရမ်းတာ၊ အဖြူ အနီကွက်တွေ ဖြစ်တာ၊ အရေပြားမှတဆင့် ခန္ဓာကိုယ်တွင်းအင်္ဂါတွေကို ထိခိုက်တာနဲ့ ရေရှည်သုံးစွဲပါက အရေပြား ကင်ဆာရောဂါ ဖြစ်ပွားနိုင်တယ်လို့လည်း ကျန်းမာရေးဌာနက သတိပေးထားပါတယ်။
4 years Ago

May 10, 2017

တရုတ်အလှကုန်ပစ္စည်းတမျိုး သုံးစွဲရန်မသင့်ကြောင်း အသိပေးကြေညာ

တရုတ်ကုမ္ပဏီလုပ် အလှကုန်ပစ္စည်းတမျိုးဟာ တားမြစ်ဓာတုဗေဒပစ္စည်း မာကျူရီပြဒါးပါဝင်နေတာကို စစ်ဆေးတွေ့ရှိရတဲ့အတွက် အများပြည်သူ သုံးစွဲဖို့ မသင့်တဲ့အကြောင်း ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက အသိပေးကြေညာပါတယ်။ ကုန်ပစ္စည်းထုတ်လုပ်တဲ့ ကုမ္ပဏီရဲ့ အမည်ကို တရုတ်ဘာသာနဲ့ ဖော်ပြထားတဲ့ အလှကုန်ပစ္စည်း အမည်နဲ့ အမျိုးအစား  GUERISSON Hourse Oil , Miracle Hourse Oil, Whitening Sport ( DayCream+ Night Cream) ဟာ ဘေးအန္တရာယ်ဖြစ်စေတဲ့ မာကျူရီပါဝင်နေကြောင်း စစ်ဆေးတွေ့ရတယ်လို့ ဆိုပါတယ်။ အဆိပ်သင့်ဓာတုပစ္စည်း မာကျူရီပြဒါးဟာ အရေပြား ယားယံတာ၊ ရောင်ရမ်းတာ၊ အဖြူ အနီကွက်တွေ ဖြစ်တာ၊ ပင်ပန်းနွမ်းနယ်၊ ခေါင်းကိုက် စိတ်ကျရောဂါတွေ ဖြစ်နိုင်ပြီး ရေရှည်သုံးစွဲရင် ကျောက်ကပ် ပျက်စီးနိုင်တယ်လို့ ကျန်းမာရေးဌာနက သတိပေးထားပါတယ်။
4 years Ago
Up