မြန်မာသတင်း
နိုင်ငံရေး
စီးပွားရေး
ကျန်းမာရေး
လူမှုရေး
ပညာရေး/နည်းပညာ
ငြိမ်းချမ်းရေး/စစ်ရေး
သဘာဝပတ်ဝန်းကျင်/ရာသီဥတု/မိုးလေဝသ
အလုပ်သမား/ရွှေ့ပြောင်းလုပ်သား
စိုက်ပျိုးရေး/တောင်သူလယ်သမား
မှုခင်း/မူးယစ်ဆေး
လွှတ်တော်/ဥပဒေရေးရာ
အမျိုးသမီး/လူငယ်
သတင်းမီဒီယာ
တိုင်းရင်းသား
အနုပညာ
နိုင်ငံတကာ
အားကစား
ONE CHAMPIONSHIP
ဆောင်းပါး
မေးမြန်းခန်း
သုံးသပ်ချက်
အယ်ဒီတာအာဘော်
ရင်ဖွင့်စာ/ပေးစာ
ရွေးကောက်ပွဲ
၂၀၂၀ ရွေးကောက်ပွဲ
စဉ်းစဉ်းစားစား မဲတပြား
Any Questions?
Election Bus
Party Profiles
Your Vote
My Vote
2020 Election Website
Eng
x
Search
မြန်မာသတင်း
နိုင်ငံရေး
စီးပွားရေး
ကျန်းမာရေး
လူမှုရေး
ပညာရေး/နည်းပညာ
ငြိမ်းချမ်းရေး/စစ်ရေး
သဘာဝပတ်ဝန်းကျင်/ရာသီဥတု/မိုးလေဝသ
အလုပ်သမား/ရွှေ့ပြောင်းလုပ်သား
စိုက်ပျိုးရေး/တောင်သူလယ်သမား
မှုခင်း/မူးယစ်ဆေး
လွှတ်တော်/ဥပဒေရေးရာ
အမျိုးသမီး/လူငယ်
သတင်းမီဒီယာ
တိုင်းရင်းသား
အနုပညာ
နိုင်ငံတကာ
အားကစား
ONE CHAMPIONSHIP
ဆောင်းပါး
မေးမြန်းခန်း
သုံးသပ်ချက်
အယ်ဒီတာအာဘော်
ရင်ဖွင့်စာ/ပေးစာ
ရွေးကောက်ပွဲ
၂၀၂၀ ရွေးကောက်ပွဲ
စဉ်းစဉ်းစားစား မဲတပြား
Any Questions?
Election Bus
Party Profiles
Your Vote
My Vote
2020 Election Website
Eng
x
Search
သံသယလူနာ ၂ ဦး
Home
သံသယလူနာ ၂ ဦး
A
d
v
e
r
t
i
s
e
m
e
n
t
With Us
March 25, 2020
1.7K
ပြွန်တန်ဆာ တိုက်နယ်ဆေးရုံတွင် ကိုရိုနာဗိုင်းရပ်စ် သံသယလူနာ ၂ ဦးကို စောင့်ကြည့်ကုသပေးနေ
ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ်၊ ပြွန်တန်ဆာမြို့ တိုက်နယ်ဆေးရုံမှာ ထိုင်းနိုင်ငံက ပြန်လာတဲ့ အမျိုးသား ၂ ဦးကို မတ် ၂၄ ရက်နေ့က ကိုရိုနာဗိုင်းရပ်စ် သံသယလူနာအဖြစ် စောင့်ကြည့်ကုသပေးနေတယ်လို့ တိုက်နယ်ဆေးရုံ တာဝန်ရှိသူက ပြောပါတယ်။
ပြွန်တန်ဆာမြို့ ချောင်းရင်ကျေးရွာအုပ်စု ကညင်နှစ်ပင်ကျေးရွာက အမျိုးသား ၁ ဦးနဲ့ လှည်းဆိပ်ကျေးရွာအုပ်စု ကဒါး-သဲကျော ကျေးရွာက အမျိုးသား ၁ ဦးတို့ကို သံသယလူနာအဖြစ် စောင့်ကြည့်ကုသပေးနေတာပါ။
ကညင်နှစ်ပင်ကျေးရွာက ၁၈ နှစ်အရွယ် အမျိုးသားဟာ လွန်ခဲ့တဲ့ ၁၂ ရက်က ထိုင်းနိုင်ငံကနေ ပြန်လည်ရောက်ရှိလာတာဖြစ်ပြီး ဖျားပြီး ၄ ရက်အကြာမှာ ဆေးရုံရောက်လာတာလို့ ဆိုပါတယ်။
ကဒါး-သဲကျောမှာ နေထိုင်သူ ၃၃ နှစ်အရွယ် အမျိုးသားကတော့ ထိုင်းနိုင်ငံကနေ မတ် ၂၃ ရက်က ပြန်လာတာဖြစ်ပြီ မတ် ၂၄ ရက် ရွာပြန်ရောက်ပြီး ချောင်းဆိုးပြီး အဖျား ၁၀၁ နဲ့ ညနေပိုင်း ဆေးရုံကို ရောက်ရှိလာခဲ့တာလို့ ပြွန်တန်ဆာမြို့ တိုက်နယ်ဆရာဝန် ဒေါက်တာကျော်စောဝင်းမောင်က ဒီဗွီဘီကို ပြောပါတယ်။
နှစ်ယောက်လုံးကို ဆေးရုံမှာ စစ်လို့ရသမျှ အကုန်စစ်ဆေးပေးနေပြီး တခြားလူနာတွေနဲ့ ခွဲကာ သံဃာဆောင်အခန်းမှာ ထားကာ ကုသပေးနေတယ်လို့ ဆိုပါတယ်။
“ပထမတယောက်က အခုအချိန်ထိတော့ ကောင်းတယ်၊ စောင့်ကြည့်သံသယလူနာပေါ့။ ခရီးသွား historyနဲ့ အဖျားရှိတယ်၊ ချောင်းဆိုးတယ်ဆိုတော့ ကျနော့်ဆီရောက်တော့ အဖျားက မရှိဘူး၊ ပထမတယောက်နဲ့ နောက်တယောက် ကေ့စ်ချင်းကမတူဘူး ဖြစ်နေတယ်၊။ နောက်တယောက်က လတ်တလော အပူ ၁၀၁ နဲ့ ဖျားလည်း ဖျားတယ်၊ ချောင်းလည်းဆိုးတယ်၊ ယှဉ်ရရင်တော့ ဒုတိယလူနာက ပိုပြီးသံသယ level ပိုမြင့်တဲ့သဘော။”
သံသယလူနာနှစ်ဦးနဲ့ပတ်သက်ပြီ ဓာတ်ခွဲစမ်းသပ်မှုတွေ ပြုလုပ်သွားမှာဖြစ်ပြီး ညောင်လေးပင်မြို့နယ်မှာ ကိုရိုနာဗိုင်းရပ်စ် စောင့်ကြည့်သံသယလူနာ တွေ့ရှိတာဟာ ပထမအကြိမ် စတင်တွေ့ရှိတာပါ။
ဒီနေ့မနက်ပိုင်းအထိ မြန်မာနိုင်ငံမှာ COVID-19 ရောဂါပိုးတွေ့ရှိသူ စုစုပေါင်း ၃ ယောက် ရှိပြီဖြစ်ပြီး စောင့်ကြည့်/သံသယလူနာဦးရေ စုစုပေါင်း ၂၃၈ ယောက် ရှိနေပါတယ်။
တကမ္ဘာလုံးမှာတော့ ဒီနေ့မနက် ၈ နာရီခွဲအထိ နိုင်ငံ နေရာဒေသပေါင်း ၁၉၇ ခုမှာ ကူးစက်ခံရသူ ၄၂၂၆၁၃ ယောက်၊ သေဆုံးသူ ၁၈၈၉၁ ယောက်နဲ့ ပြန်လည်သက်သာလာသူ ၁၀၈၈၇၉ ယောက်ရှိပြီလို့ အတည်ပြုထားပါတယ်။
နေလင်းထိုက်
12 months Ago
© Copyright 2020 DVB Designed and Developed by
Digit X Myanmar
.
Up