သံသယရှိ

September 24, 2020

ဘိုင်ယန်မြူးနစ်ကို ရှုံးနိမ့်မှုကြောင့် ချဲလ်ဆီးကို ပြောင်းရွှေ့ရန် သံသယရှိခဲ့ဟု တီမိုဝါနာဝန်ခံ

ပြီးခဲ့တဲ့ ရာသီချန်ပီယံလိဂ်ပြိုင်ပွဲမှာ ဘိုင်ယန်မြူးနစ်အသင်းကို ရှုံးနိမ့်ခဲ့တာကို မြင်တွေ့ခဲ့ရ ပြီးနောက်မှာ ချဲလ်ဆီးအသင်းကို ပြောင်းရွှေ့ဖို့ သံသယဖြစ်ခဲ့တယ်လို့ ချဲလ်ဆီးတိုက်စစ်မှူး တီမိုဝါနာက ဝန်ခံပါတယ်။   ချဲလ်ဆီးအသင်းဟာ လိုက်ပစ်ဇ်တိုက်စစ်မှူးကို ပေါင် ၄၇ ဒသမ ၅ သန်းနဲ့ခေါ်ယူဖို့ ပြီးခဲ့တဲ့ ဇွန်လကတည်းက သဘောတူခဲ့တာပါ။  လီဗာပူး၊ ဘိုင်ယန်မြူးနစ်၊ရီးရဲလ်မက်ဒရစ်စတဲ့အသင်းကြီးတွေကို ကျော်ဖြတ်ကာ အခုလို ခေါ်ယူနိုင်ခဲ့တာ ဖြစ်ပါတယ်။  ချဲလ်ဆီးအသင်းဟာ ပြီးခဲ့တဲ့ရာသီမှာ ဆုဖလားအောင်မြင်မှု မရခဲ့ပေမဲ့ ဥရောပတလွှားက ကစားသမားတွေကို ဆွဲဆောင်နိုင်ခဲ့ပြီး ဒီနွေရာသီဈေးကွက်မှာ ပေါင်သန်း ၂၀၀ ကျော်သုံးစွဲ ထားပါတယ်။      လမ်းပတ်ရဲ့အသင်းဟာ ပြီးခဲ့တဲ့ရာသီမှာ ပရီးမီးယားလိဂ်မှာအဆင့် ၄ ရရှိခဲ့ပြီး အက်ဖ်အေ ဖလားဗိုလ်လုပွဲအထိ ရောက်ရှိခဲ့ပေမယ့် ချန်ပီယံလိဂ်မှာလည်း ချန်ပီယံဖြစ်ခဲ့တဲ့ ဘိုင်ယန်မြူးနစ် အသင်းကို ရှုံးနိမ့်ကာပြိုင်ပွဲကနေ စောစောစီးစီးထွက်ခွာခဲ့ရပါတယ်။ ချဲလ်ဆီးဟာ နှစ်ကျော့ပေါင်း ၇ ဂိုး ၁ ဂိုးဆိုတဲ့ရလဒ်နဲ့ ပြိုင်ပွဲကနေ ထွက်ခွာ ခဲ့ရတာ ဖြစ်ပါတယ်။  ဒီရလဒ်ကြောင့် ချဲလ်ဆီးအသင်းကို ပြောင်းရွှေ့ဖို့ ကိုယ့်ကိုယ်ကိုယ် မေးခွန်းထုတ်မိတယ်လို့ ဝါနာကပြောပါတယ်။  “ဒီရလဒ်ကြောင့် ဘာမှမဖြစ်ခဲ့ဖူးလို့ပြောရင် ကျနော့်ကိုယ် ကျနော် လိမ်ရာကျပါမယ်” လို့ ဝါနာက Sport Bild က ဂျာနယ်လစ် ခရစ္စတီယန်ဖဲ့ခ်နဲ့တွေ့ဆုံစဉ်မှာပြောခဲ့ပါတယ်။  “ဘိုင်ယန်ကို ပထမအကျော့အိမ်ကွင်းမှာ ၃ ဂိုးပြတ်နဲ့ရှုံးနိမ့်ခဲ့တဲ့ရလဒ်က ချဲလ်ဆီးအသင်းကို ပြောင်းရွှေ့ဖို့ သံသယဖြစ်စေခဲ့ပါတယ်။ ပွင့်ပွင့်လင်းလင်းပြောရရင် ကျနော် လိုက်ပစ်ဇ်တုန်းက ဘိုင်ယန်အသင်းနဲ့ ရင်ဆိုင်ရလေ့ရှိပြီး သူတို့နဲ့ ခြေရည်တူကစားနိုင်ခဲ့ပါတယ်” လို့ ဝါနာက ပြောပါတယ်။  ဒါပေမယ့် ချဲလ်ဆီးအသင်းရဲ့ အရှုံးရလဒ်ကနေ ရုန်းထွက်ကာ ပရီးမီးယားလိဂ်မှာ အဆင့် ၄ နေရာရရှိအောင်စွမ်းဆောင်ပြနိုင်ခဲ့ခြင်းက သူ့ကိုအထင်ကြီးစေခဲ့ပြီး ဒီအချက်ကြောင့်ပဲ ဘိုင်ယန်နဲ့ ဒုတိယအကျော့ပွဲစဉ် မကန်ခင်မှာ  ချဲလ်ဆီးကို ပြောင်းရွှေ့ဖို့ သဘောတူခဲ့တာလို့ ဆိုပါတယ်။  ဝါနာဟာ ချဲလ်ဆီးအသင်းရဲ့ ပရီးမီးယားလိဂ်အဖွင့်ပွဲ ၂ ပွဲဖြစ်တဲ့ ဘရိုက်တန်၊ လီဗာပူး အသင်းတို့နဲ့ ပွဲစဉ်မှာ အသင်းသစ်အတွက် ခြေစွမ်းပြနိုင်ခဲ့သူဖြစ်ပေမဲ့ ချဲလ်ဆီးအသင်းအတွက် ပထမဆုံး သွင်းဂိုးကိုတော့ ရယူနိုင်ခဲ့ခြင်း မရှိသေးပါဘူး။ 
1 year Ago

August 12, 2020

ရုရှား၏ ကိုဗစ်-၁၉ ကာကွယ်ဆေးသစ်ကို သံသယရှိကြောင်း အမေရိကန် ပညာရှင်ပြော

ကိုဗစ်-၁၉ ကာကွယ်ဆေးသစ်ဟာ ဘေးကင်း၊ အစွမ်းထက်တယ်ဆိုပြီး ရုရှားအစိုးရ  သက်သေပြထားတဲ့အပေါ်မှာ တော်တော်လေးသံသယဖြစ်မိတယ်လို့ အမေရိကန် ထိပ်တန်းကူးစက်ရောဂါ တိုက်ဖျက်ရေးပညာရှင် အန်တိုနီဖော်ချီက သြဂုတ် ၁၁ ရက်မှာ ပြောဆိုပါတယ်။ ရုရှားနိုင်ငံဟာ ကမ္ဘာမှာ ကိုဗစ်-၁၉ ကာကွယ်ဆေးကို စည်းမျဉ်းအရခွင့်ပြုပေးတဲ့ ပထမဆုံးနိုင်ငံ ဖြစ်လာတယ်ဆိုပြီး သြဂုတ် ၁၁ ရက်မှာ ရုရှားသမ္မတ ပူတင်က ပြောပါတယ်။   ကာကွယ်ဆေးကို လူသားစမ်းသပ်မှု နှစ်လ မပြည့်ခင်မှာပဲ ခွင့်ပြုလိုက်တာဖြစ်ပြီး ကာကွယ်ဆေး ဖော်ထုတ်နိုင်မှုကို သိပ္ပံပညာဆိုင်ရာစွမ်းရည်အဖြစ် ရုရှားအစိုးရက ကြိုဆိုခဲ့ပါတယ်။  ရုရှား ကိုဗစ်-၁၉ ကာကွယ်ဆေးဟာ နောက်ဆုံး စမ်းသပ်မှုတွေ ပြီးဆုံးအောင်လုပ်ဖို့ လိုအပ် နေသေးပြီး  အခုလို မြန်မြန်ဆန်ဆန် ခွင့်ပြုလိုက်တဲ့အပေါ် ကျွမ်းကျင်သူတချို့က စိုးရိမ်စိတ်တွေ ရှိနေပါတယ်။ ဒါပေမဲ့လည်း ရုရှား စီးပွားရေးလုပ်ငန်းကုမ္ပဏီကြီး Sistema ကတော့  ဒီနှစ်ကုန်မှာ ကိုဗစ်-၁၉ ကာကွယ်ဆေး အများအပြား ထုတ်လုပ်ဖို့ မျှော်လင့်ထားတယ်လို့ ပြောပါတယ်။
1 year Ago
Up