သံသယရှိသူများအား ဖမ်းဆီး

December 6, 2017

မော်လ်တာတွင် ဘလော့ဂါ အသတ်ခံရမှု သံသယရှိသူများအား ဖမ်းဆီး

အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဘလော့ဂါ ဒက်ဖ်နီ ကာရူအာနာ ဂါလီဇီယာ သတ်ဖြတ်ခံရမှုအတွက် သံသယရှိသူ ဆယ်ယောက်အား ဖမ်းဆီးနေပုံကို ရိုက်ကူးထားတဲ့ ရုပ်သံကို မော်လ်တာ စစ်တပ်နဲ့ ရဲက ဒီဇင်ဘာ ၅ ရက်နေ့မှာ ဖြန့်ချိလိုက်ပါတယ်။ ဘလော့ဂါရဲ့ကား ပေါက်ကွဲလို့ ဘလော့ဂါ သေဆုံးအပြီး ၂ လနီးပါးအကြာမှာ ခုလို ဖမ်းဆီးခဲ့တာပါ။ လက်နက်ကိုင်တပ်တွေဟာ မော်လ်တာနိုင်ငံတောင်ပိုင်းက မာဆာမြို့ ကမ်းနားပိုင်းမှာ ရှိတဲ့ လိုက်တာဝှာ့ဖှ်ရပ်ကွက်မှာ ဒီဇင်ဘာ ၄ ရက်နေ့က ဝင်စီးခဲ့ပုံကို ရုပ်သံရိုက်ကူးထားတာပါ။ ရုပ်သံထဲမှာ သံသယရှိသူတွေကို မြေပေါ်မှာ မှောက်ချခိုင်းထားပြီး တချို့ကိုတော့ နံရံမှာ လက်မြှောက်ခိုင်းထားတာ မြင်ရပါတယ်။ သံသယရှိသူ အားလုံးဟာ မော်လ်တာ နိုင်ငံသားတွေဖြစ်ပြီး အများစုက ရာဇဝတ်မှုမှတ်တမ်း ရှိသူတွေလို့ ဝန်ကြီးချုပ် ဂျိုးဆဲ့ဖ် မတ်စ်ကတ်က ပြောပါတယ်။ အသေးစိတ် အချက်အလက်တွေကိုတော့ မပြောပါဘူး။ ရဲတွေက သံသယရှိသူတွေကို ၄၈ နာရီကြာ စစ်မေးခဲ့ပြီးနောက် တချို့ကို ဖမ်းထားပြီး တချို့ကို ပြန်လွှတ်ပေးခဲ့ပါတယ်။ အသက် ၅၂ နှစ်အရွယ် ဘလော့ဂါဟာ အောက်တိုဘာ ၁၆ ရက်နေ့က မော်လ်တာ နိုင်ငံမြောက်ပိုင်းကို ကားမောင်းသွားချိန်မှာ အသတ်ခံခဲ့ရတာပါ။ သူ့ရဲ့ ဘလော့ဟာ ပါတီတွေက နိုင်ငံရေးသမားတွေကို ပစ်မှတ်ထားတဲ့ လာဘ်ပေးလာဘ်ယူမှု စွဲချက်တွေကို ရေးသားလို့ လူကြိုက်များတဲ့ ဘလော့လည်း ဖြစ်ပါတယ်။
3 years Ago
Up