သံသယရှိကား ရပ်မပေးသဖြင့် တရုတ်ရဲများ ရိုက်နှက်ဖမ်းဆီး (ရုပ်သံ)

December 3, 2016

သံသယရှိကား ရပ်မပေးသဖြင့် တရုတ်ရဲများ ရိုက်နှက်ဖမ်းဆီး (ရုပ်သံ)

တရုတ်နိုင်ငံမှာ တာဝန်အရ ရဲတွေက ကင်းလှည့်ရင်း သံသယဖြစ်စရာ ကားတစ်စီး တွေ့လို့ ရပ်ခိုင်းရာက ကားသမားက မရပ်ပေးလို့ နံပါတ်တုတ်တွေနဲ့ အတင်းရိုက်နှက်တားဆီးပြီး ဖမ်းဆီးလိုက်ရပါတယ်။ တရုတ်နိုင်ငံ အရှေ့တောင်ပိုင်း ဂွမ်ဒေါင်းခရိုင် မော်မင်းမြို့မှာ နိုဝင်ဘာလ ၃၀ ရက်နေ့က တာဝန်အရ ရဲတွေလှည့်လည် စစ်ဆေးကြပါတယ်၊ အဲ့ဒီအချိန်မှာ သံသယဖြစ်စရာ ကားတစ်စီးကို နံပါတ်ပြားအတုနဲ့ တွေ့ခဲ့လို့ ရဲတွေက ကားသမားကို စစ်ဆေးရန် အချက်ပြပြီး ရပ်ခိုင်းခဲ့တာကို ဒီဇင်ဘာ ၃ ရက်နေ့ ရုပ်သံဖိုင်ထဲမှာ တွေ့ရပါတယ်။ ဒါပေမယ့် ရဲတွေကားကို ရပ်ခိုင်းချိန်မှာ မူးယစ်ဆေးဝါးသောက်သုံးထားတဲ့ ကားမောင်းသမားဟာ ကားကို ရုတ်တရက်အရှိန်မြှင့်ပြီး မောင်းလိုက်ပါတယ်။ ရဲတွေလည်း ကားနဲ့ ကားမောင်းသမားကို အတင်းရိုက်နှက် တားမြစ် ဖမ်းဆီးကြပါတယ်။ နောက်ဆုံးမှာ ကားကို တားဆီးနိုင်ခဲ့ပြီး ကားသမားကိုလည်း ဖမ်းဆီးရမိပါတယ်။ အခင်းဖြစ်ပွားမှုကြောင့် ရဲ ၄ ဦး ဒဏ်ရာရခဲ့ပြီး ကားသမားကိုလည်း အချုပ်ထဲပို့လိုက်တယ်လို့ သိရပါတယ်။
5 years Ago
Up