သံသယနှင့်စောင့်ကြည့်လူနာ

March 27, 2020

ရှမ်းပြည်နယ်တောင်ပိုင်းတွင် သံသယနှင့် စောင့်ကြည့်လူနာ ပိုများလာ

ရှမ်းပြည်နယ် တောင်းပိုင်း ၂၁ မြို့နယ်အတွင်းမှာ စောင့်ကြည့်နဲ့သံသယလူနာ  တရက်ထက်တရက် ပိုများလာနေတယ်လို့ ရှမ်းပြည်နယ် ကျန်းမာရေးဦးစီးဌာနက သိရပါတယ်။ မတ် ၂၆ ရက်ညနေအထိ ဓာတ်ခွဲခန်းအဖြေကိုစောင့်နေတဲ့ စောင့်ကြည့်လူနာ ၈ ဦးရှိပြီး ၅ ဦးက ရောဂါပိုးမတွေ့ရှိကြောင်း မတ်လ ၂၇ မနက်ပိုင်းက ထုတ်ပြန်ထားပါတယ်။ ရှမ်းပြည်နယ် တောင်ပိုင်းတခုလုံးမှာ စောင့်ကြည့်လူနာ ၈ ဦးနဲ့ သံသယလူနာ ၁၁ ဦးရှိတယ်လို့ ရှမ်းပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန လက်ထောက်ညွန်ကြားရေးမှူး ဒေါက်တာနှင်းအိဖြူက ပြောပါတယ်။ လက်ရှိ ရှမ်းပြည်နယ်တောင်ပိုင်းက စောင့်ကြည့်လူနာတွေကတော့ တောင်ကြီးအမျိုးသမီးနဲ့ ကလေးဆေးရုံမှာ ၁ ဦး၊ စဝ်စံထွန်းဆေးရုံမှာ ၄ ဦး၊ ကျေးသီးဆေးရုံမှာ ၁ ဦး၊ ဆီဆိုင်ဆေးရုံမှာ၂ ဦး စုစုပေါင်း ၈ ဦး ရှိပြီး သံသယလူနာကတော့ တောင်ကြီးအမျိုးသမီးနဲ့ ကလေးဆေးရုံမှာ ၁ ဦး၊ စဝ်စံထွန်း ဆေးရုံမှာ ၁ ဦး၊ ညောင်ရွှေဆေးရုံမှာ ၁ ဦး၊ ကျေးသီးဆေးရုံမှာ ၃ ဦး၊ ရွာငံဆေး ရုံမှာ ၁ ဦး၊ ဆီဆိုင်ဆေးရုံမှာ ၁ ဦး၊ ပင်လုံဆေးရုံမှာ ၁ ဦး စာရင်းမသွင်းရသေးတဲ့ ဆီဆိုင်ဆေးရုံက ၂ ဦး စုစုပေါင်း ၁၁ ဦး ရှိနေပါတယ်။ ဇန်နဝါရီကစပြီး မတ်လ ၂၆ ရက်အထိ ရှမ်းပြည်နယ်တောင်ပိုင်းမှာ စောင့်ကြည့်လူနာ ၉ ဦး ရောဂါပိုးမတွေ့ရှိကြောင်း ဓာတ်ခွဲခန်းအဖြေထွက်ရှိပြီး၊ သံသယလူနာ ၂ ဦးလည်း ဓာတ်ခွဲခန်းအဖြေ အရ ရောဂါပိုးမတွေ့ရှိဘူးလို့ ဆိုပါတယ်။ ရှမ်းပြည်နယ်တခုလုံးအနေနဲ့ မတ်လ ၂၆ ရက် ညနေအထိ စောင့်ကြည့်လူနာနဲ့ သံသယ လူနာပေါင်း ၅၅ ဦးရှိတယ်လို့ ရှမ်းပြည်နယ် ကျန်းမာရေးဦးစီးဌာနထံက သိရပါတယ်။ ခွန်ရာဇာ
2 years Ago
Up