သံသယ

June 27, 2019

H1N1 သံသယဖြင့် သေဆုံးသူ ၆ ဦးကို ပို့ဆောင်ကူညီပေးခဲ့ဟု နာကူအသင်းထုတ်ပြန်

ရာသီတုပ်ကွေး H1N1 သံသယနဲ့ သေဆုံးသူ ၆ ဦးအား ပို့ဆောင်ကူညီပေးခဲ့တယ်လို့ နာရေးကူညီမှုအသင်း (ရန်ကုန်) က ဒီနေ့ ထုတ်ပြန်ပါတယ်။ ဇွန် ၂၇ ရက်နေ့မှာလည်း ဟယ်လ်ပင် ကလေးဆေးရုံကြီးမှာ ရာသီတုပ်ကွေး H1N1 ကူးစက်ရောဂါနဲ့ ကွယ်လွန်သွားတဲ့ အသက် ၄ နှစ်အရွယ် ကလေးငယ် ကျား (၁) ဦးရဲ့ ရုပ်အလောင်းကို ထိန်ပင်သုဿာန်မီးသင်္ဂြိုဟ်စက်ကို (အခမဲ့) ပို့ဆောင်ကူညီပေးခဲ့တယ်လို့ ဆိုပါတယ်။ ၂၀၁၉ ခုနှစ်၊ ဇွန်လအတွင်း ဖြစ်ပွားနေတဲ့ ရာသီတုပ်ကွေး H1N1 ကူးစက်ရောဂါနဲ့ ကွယ်လွန်သွားတယ်လို့ သံသယရှိ ရုပ်အလောင်းတွေကို ကူညီပို့ဆောင်ပေးခဲ့တာ ဒီနေ့ ကလေးငယ်အပါအ၀င် ရုပ်အလောင်း ၆ လောင်းရှိပြီလို့ ဆိုပါတယ်။ ဇွန် ၂၆ ရက်နေ့အထိ H1N1 ရောဂါနဲ့ သေဆုံးသူ စုစုပေါင်း  ၁၀ ဦးအထိ ရှိသွားပြီလို့ ကျန်းမာရေးဌာနက သိရပါတယ်။ H1N1 ရောဂါပိုး သံသယကြောင့် ပိုးရှိမရှိ စစ်ဆေးခဲ့သူ လူနာ ၁၈၉ ဦးထဲမှာ ရောဂါပိုးကူးစက်ခံရတဲ့ လူနာ ၃၅ ဦး ရှိတယ်လို့ ဆိုပါတယ်။
2 years Ago

August 23, 2015

ဗုံးဖောက်ခွဲ သံသယရှိသူ နိုင်ငံက ထွက်ခွာသွားပြီဟု ထိုင်းရဲချုပ်ပြော

ထိုင်းနိုင်ငံ ဘန်ကောက်ဗုံးပေါက်ကွဲမှု နောက်ကွယ်က လူတွေကို ဖမ်းမိဖို့အတွက် ကံကောင်းဖို့ လိုသလို သံသယရှိသူတွေက နိုင်ငံကနေ ထွက်ခွာသွားပြီလို့ ထိုင်းရဲတပ်ဖွဲ့ အကြီးအကဲက ပြောပါတယ်။ သြဂုတ် ၂၃ ရက် မနက်ပိုင်းက သတင်းထောက်တွေကို ထိုင်းရဲတပ်ဖွဲ့အကြီးအကဲ ဆုမ်ယုဒ် ဖုန့်ဖန်းမုန့်က ပြောဆိုလိုက်တာ ဖြစ်ပါတယ်။ "ကျနော်တို့ ကံနည်းနည်းလိုတယ်။ ရဲတွေ ကံကောင်းမယ်ဆိုရင် ကျနော်တို့ ဖမ်းနိုင်မှာ ဖြစ်ပါတယ်။  လက်သည်တွေက ကံကောင်းမယ်ဆိုရင်  သူတို့ ထွက်ပြေးနိုင်မှာ ဖြစ်ပါတယ်” လို့ သူက ပြောပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်က ဧရာဝဏ်နတ်ကွန်း ဗုံးပေါက်ကွဲမှုကြောင့် လူ ၂၀ သေဆုံးပြီး ၁၀၀ ကျော် ဒဏ်ရာရခဲ့ပါတယ်။ ဒီပေါက်ကွဲမှုနဲ့ ပတ်သက်ပြီး သံသယရှိသူတွေကို ဖမ်းဆီးဖို့ ထိုင်းရဲတပ်ဖွဲ့က ကြိုးပမ်းနေတာ ဖြစ်ပါတယ်။ ရဲတပ်ဖွဲ့ပြောခွင့်ရ ပရာဝတ် သဝေါင်ဆီရိကတော့ သံသယရှိသူ ထွက်ခွာသွားတယ်ဆိုတာကို သံသယရှိပေမယ့် ဆက်ရှာနေမှာ ဖြစ်ပြီး တိုင်းပြည်မှာ ရှိနေတဲ့ တခြားတယောက်ကို ရှာတွေ့ပြီး အထောက်အထားသဲလွန်စ ရှာဖွေနိုင်မယ်လို့ ပြောပါတယ်။
6 years Ago
Up