သံလွင်တံတား(ချောင်းဆုံ)

June 1, 2021

သံလွင်တံတား(ချောင်းဆုံ) ဆိုင်းဘုတ်ပြောင်းပွဲ အကြမ်းဖက်စစ်ခေါင်းဆောင် တက်ရောက်

ဗိုလ်ချုပ်အောင်ဆန်း တံတားအမည် အစား သံလွင်တံတား(ချောင်းဆုံ) လို့ ပြောင်းလဲ သတ်မှတ်ခဲ့တဲ့ ဆိုင်းဘုတ်တင် အခမ်းအနားကို အကြမ်းဖက် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဒီကနေ့ ဇွန် ၁ ရက်နေ့မှာ တက်ရောက်ခဲ့ပါတယ်။

မော်လမြိုင်နဲ့ ချောင်းဆုံမြို့နယ်ကို ဆက်သွယ်ထားတဲ့ ဒီတံတားဟာ အန်အယ်လ်ဒီ အစိုးရ လက်ထက်မှာ ဗိုလ်ချုပ်အောင်ဆန်းတံတားလို့ အမည်ပေးခဲ့တဲ့အတွက်ကြောင့် မွန်တိုင်းရင်းသားတွေနဲ ဌာနေဒေသခံ တိုင်းရင်းသားတွေက ကန့်ကွက် ဆန္ဒထုတ်ဖော်ခဲ့တာပါ။

အာဏာသိမ်း အကြမ်းဖက် စစ်ခေါင်းဆောင်ဟာသူ အာဏာသိမ်းပြီး ၄ လပြည့်ဖြစ်တဲ့ ဒီကနေ့မှာတော့ ဗိုလ်ချုပ်အောင်ဆန်းတံတားအမည်ကို ဖျက်ပြီး  သံလွင်တံတား(ချောင်းဆုံ) လို့ ပြောင်းရေးထားတဲ့ ဆိုင်းဘုတ်လာတင်ခဲ့တာပါ။

စစ်အာဏာရှင်ကို တော်လှန်နေတဲ့ မွန်လူငယ်တွေကတော့ တံတားအမည်ပြောင်းပေးတာ သူတို့အတွက် ဘာခံစားချက်မှ မရှိသလို စစ်အာဏာရှင်ကို ဆက်လက် တော်လှန်သွားမယ်လို့ ဆိုပါတယ်။

သံလွင်တံတား(ချောင်းဆုံ) ဆိုင်းဘုတ်တင် အခမ်းအနားကို အကြမ်းဖက် စစ်ကောင်စီအဖွဲ့ဝင်တွေအပြင် ဌာနေမွန်တိုင်းရင်းသားအချို့ တက်ရောက်ခဲ့ပါတယ်။

8 months Ago
Up