သံရုံးရှေ့ ဆန္ဒပြသူများ

December 7, 2020

ရွေးကောက်ပွဲနှင့်ပတ်သက်ပြီး သံရုံး ၃ ခုရှေ့ ဆန္ဒပြသူများ ဖမ်းဆီးခံရ (ဓာတ်ပုံ)

၂၀၂၀ ရွေးကောက်ပွဲ မဲမသမာမှုတွေကို စုံစမ်းစစ်ဆေးပေးဖို့ ရန်ကုန်မြို့ရှိ အမေရိကန်သံရုံး၊ ဂျပန်သံရုံး၊ တရုတ်သံရုံးရှေ့မှာ ဒီဇင်ဘာ ၆ ရက်နေ့ မနက်က  ဆန္ဒဖော်ထုတ်ခဲ့သူတွေကို ရဲတပ်ဖွဲ့က ဖမ်းဆီးထိန်သိမ်းခဲ့ပါတယ်။ ၂၀၂၀ ရွေးကောက်ပွဲမှာ တရားမဲ့ပြုကျင့်ခံရမှုတွေနဲ့ပတ်သက်ပြီး ကမာရွတ်မြို့နယ်ရှိ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးရှေ့ ဆန္ဒထုတ်ဖော်သူ ၃ ဦးကို ကမာရွတ်မြို့မရဲစခန်းက ဖမ်းဆီးထိန်းသိမ်းခဲ့တာပါ။ ဗဟန်းမြို့နယ်ရှိ ဂျပန်သံရုံးရှေ့မှာလည်း မဲမသမာမှုတွေကို စုံစမ်းစစ်ဆေးပေးဖို့နဲ့ လွတ်လပ်သောကော်မရှင်ဖွဲ့စည်းပေးဖို့ ဆန္ဒဖော်ထုတ်သူ ၁၃ ဦးကို ဖမ်းဆီးထိန်းသိမ်းခဲ့သလို တရုတ်သံရုံးရှေ့မှာ ရွေးကောက်ပွဲရလဒ် အလိုမရှိဆိုတဲ့ ဆိုင်းဘုတ်တွေကိုင်ကာ ဆန္ဒဖော်ထုတ်သူတွေကိုလည်း ဖမ်းဆီးထိန်းသိမ်းခဲ့ပါတယ်။ Photo - Ko Ye / MPA
5 months Ago
Up