သံရုံးယာယီတာဝန်ခံ ကွမ်ကတ်နို

November 8, 2020

ဒီမိုကရေစီလမ်းကြောင်းပေါ် နောက်ထပ် ဆက်တက်လှမ်းနေသည့် မြန်မာကို ချီးကျူးဟု အမေရိကန် သံတမန်ပြော 

စိန်ခေါ်မှုအခက်အခဲတွေ အများကြီးရှိနေပေမဲ့ ဒီမိုကရေစီလမ်းကြောင်းပေါ်ကို နောက်ထပ် ဆက်ပြီး တက်လှမ်းနေတဲ့ မြန်မာပြည်သူတွေကို ချီးကျူးတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံရုံးယာယီတာဝန်ခံ ကွမ်ကတ်နိုက ပြောပါတယ်။ ဒီကနေ့ မြန်မာနိုင်ငံတဝန်းမှာ ကျင်းပတဲ့ ၂၀၂၀ အထွေအထွေရွေးကောက်ပွဲနဲ့ပတ်သက်ပြီး သံရုံးရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ သတင်းထုတ်ပြန်ပြောကြားလိုက်တာပါ။ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ အသက်ဝင်နေတာတွေ့ရတာ ကောင်းမွန်လှပါတယ်လို့လည်း အမေရိကန် သံရုံးယာယီတာဝန်ခံက ပြောပါတယ်။     သံရုံးယာယီတာဝန်ခံ ကွမ်ကတ်နိုဟာ မြန်မာနိုင်ငံအခြေစိုက် အမေရိကန် နိုင်ငံတကာဖွံ့ဖြိုးရေးအေဂျင်စီဌာနေ ညွှန်ကြားရေးမှူး အဲလာဂရပ်ဘ်နဲ့အတူ ရန်ကုန်မြို့အတွင်းက မဲရုံတွေကို လည်ပတ်ကြည့်ရှုခဲ့တယ်လို့လည်း ဆိုပါတယ်။ ဓာတ်ပုံ-USEMBASSY
1 year Ago
Up