သံရည်ကျိုစက်ရုံ

June 26, 2021

အမရပူရမြို့နယ်က သံရည်ကျိုစက်ရုံ ပေါက်ကွဲမှုဖြစ်၊ ၁ ဦးသေဆုံးပြီး ၅ ဦးဒဏ်ရာရ

မန္တလေးမြို့ အမရပူရမြို့နယ် ဆောက်တောဝကျေးရွာအုပ်စု၊ ဆောက်တောဝမြောက်ရွာရှိ သံရည်ကျိုစက်ရုံမှာ ဇွန် ၂၅ ရက် မနက် ၉ နာရီခွဲလောက်က သဲရည်ကျိုနေရင်း ပေါက်ကွဲမှုဖြစ်ခဲ့လို့ ၁ ဦး သေဆုံးပြီး ၅ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

ဒီလို ပေါက်ကွဲတဲ့အတွက် သံရည်ကျိုအလုပ်သမား ရန်နိုင်ထွန်း (၂၂) နှစ်မှာ သေဆုံးခဲ့ပြီး ဇင်မင်းထက်၊ အောင်မျိုးမြတ်၊ ထက်ဇော်၊ မိုးကျော်နဲ့ သူရိန်ထွန်းတို့ မစိုးရိမ်ရတဲ့ ဒဏ်ရာတွေရရှိခဲ့ပါတယ်။

သံရည်ကျိုစက်ရုံအတွင်းရှိ သံရည်ကျို ၃ လုံး အရည်ကျိုနေစဥ် ၁ လုံးမှာ ပေါက်ကွဲမှုဖြစ်ပွားခဲ့တာဖြစ်ပြီး သံရည်ကျိုစက်ရုံတာဝန်ခံကို အရေးယူဖို့ ရှိတယ်လို့ သိရပါတယ်။

7 months Ago
Up