သံမဏိသွင်းကုန်

October 16, 2019

အမေရိကန်က တူရကီသံမဏိသွင်းကုန်အပေါ် ထပ်ဆောင်းခွန် ၅၀ ရာခိုင်နှုန်း တိုးမြှင့် 

ဆီးရီးယားနိုင်ငံအတွင်း တူရကီရဲ့ စစ်ဆင်ရေးကြောင့် တူရကီကနေ အမေရိကန် နိုင်ငံအတွင်း သံမဏိ တင်ပို့မှုအပေါ် ထပ်ဆောင်းခွန် ၅၀ ရာခိုင်နှုန်းအထိ တိုးမြှင့်ဒဏ်ခတ်ဖို့ ခွင့်ပြုတဲ့အမိန့်ကို အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်က လက်မှတ်ထိုးခဲ့ပါတယ်။  အမေရိကန်ဒေါ်လာ ဘီလီယံ ၁၀၀ ကုန်သွယ်ရေး သဘောတူညီချက်အတွက် တူရကီနဲ့ ညှိနှိုင်းနေတာကို အမေရိကန်ဘက်က ချက်ချင်းရပ်မယ်လို့ ထရမ့်က အောက်တိုဘာ ၁၄ ရက် မွန်းလွဲပိုင်းမှာ ကြေညာပါတယ်။ အမေရိကန် စစ်သည် အယောက် ၁၀၀၀ လောက်ကို ဆီးရီးယားမြောက်ပိုင်းကနေ ဆုတ်ခွာဖို့ သီတင်းပတ်ကုန်ရက်မှာ ထရမ့်က အမိန့်ပေးအပြီးမှာ တူရကီက ဆီးရီးယား အရှေ့မြောက်ပိုင်း နေရာအတော်များများမှာ ကာဒစ်ရှ်တပ်တွေကို ပစ်မှတ်ထား ထိုးစစ်ဆင်ခဲ့ပါတယ်။ ဆီးရီးယားနိုင်ငံအတွင်း ကာဒစ်ရှ်တွေကို တူရကီက ထိုးစစ်ဆင်နေတာ ချက်ချင်း ရပ်ဖို့ သမ္မတထရမ့်က တူရကီ သမ္မတ တေယစ်အာဒိုဂံကို တနင်္လာ အစောပိုင်းမှာ ဆော်သြခဲ့တယ်လို့ အမေရိကန် ဒုသမ္မတ မိုက်ခ်ပန့်စ်က သတင်းထောက်တွေကို  ပြောပါတယ်။ အကျပ်အတည်းကို ကြားဝင်ဖျန်ဖြေပေးဖို့ အရှေ့အလယ်ပိုင်းကို မကြာခင် ခရီးထွက်မယ်လို့လည်း ပန့်စ်က ပြောပါတယ်။
2 years Ago
Up