သံပုံစေတီ

March 26, 2021

အလုံမြို့နယ်က သဲပုံစေတီကို အကြမ်းဖက်စစ်တပ်နှင့်ရဲ ဖျက်ဆီး

ရန်ကုန် အလုံမြို့နယ်မှာ ဒီနေ့မနက် တည်ထားတဲ့ သဲပုံစေတီကို အကြမ်းဖက်စစ်တပ်နဲ့ရဲတွေက နေ့လယ်ပိုင်းမှာ လာရောက် ဖြိုဖျက်ပြီး အမှိုက်ကားနဲ့သယ်ဆောင်သွားပါတယ်။

သဲပုံစေတီကို ဒီမနက် ၅ နာရီကျော်က စတင်တည်ထားခဲ့တာဖြစ်ပြီး အခု ညနေပိုင်းမှာ အဲဒီနေရာမှာ ပဌာန်းရွတ်ဖတ်ဖို့ ရပ်ကွက်နေသူတွေကို ဖိတ်ထားပေမဲ့ အကြမ်းဖက် ရဲနဲ့စစ်သား အင်အား အများအပြားနဲ့ လာရောက် ဖျက်ဆီးသွားတာလို့ ဒေသခံတွေက ပြောပါတယ်။

2 months Ago
Up