ကိုလံဘီယာအမျိုးသမီးတယောက်ဟာ အဲဒီအိမ်တံခါးရဲ့ တန်းနှစ်ခုကြားမှာ ၅ နာရီကြာလောက် ခေါင်းညပ်သွားခဲ့ရပြီး ရဲနဲ့ မီးသတ်တပ်ဖွဲ့ဝင်တွေက ကူညီခဲ့ရတယ်လို့ မေ ၃၁ ရက်နေ့ OC သတင်းမှာ ဖော်ပြပါတယ်။
ဒီဖြစ်ရပ်ဟာ ကိုလံဘီယာ လာဗာဂျီးနီးယားမြို့မှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး အမည်မဖော်လိုသူ အမျိုးသမီးတဦး အိမ်တအိမ်ရဲ့တံခါးမှာ ခေါင်းကြီးညပ်နေတဲ့ ဓာတ်ပုံတွေလည်း လူမူကွန်ရက်ပေါ်မှာ မြင်တွေ့ခဲ့ရပါတယ်။
ဒီအမျိုးသမီးဟာ ဒီလိုအနေအထားနဲ့ သူမကို လာရောက် ကယ်ဆယ်သူတွေ ရောက်ရှိလာတဲ့အထိ ၅ နာရီကြာ နေထိုင်ခဲ့ရတာဖြစ်ပြီး သူဘာကြောင့် ဒီလိုညပ်သွားရတာလည်း ဆိုတာတော့ အခုထိမသိရသေးပါဘူး။
ကံကောင်းစွာနဲ့ပဲ သူမအကူအညီတောင်းနေတဲ့အသံကို တစုံတယောက်က ကြားသွားခဲ့ပြီး ရဲကို အကူအညီ တောင်းခံနိုင်ခဲ့တာဖြစ်ပါတယ်။
ဒါပေမယ့် ရဲတပ်ဖွဲ့ကလည်း သူမကိုကယ်ဆယ်ပေးဖို့ မစွမ်းဆောင်နိုင်တာကြောင့် မီးသတ်ဌာနကို ထပ်မံအကူအညီ တောင်းခံခဲ့ရပြန်ပါတယ်။
ဒ့ါကြောင့် သူမဟာ သံတိုင်တွေကြားကနေ လွတ်မြောက်ဖို့ ၅ နာရီကြာ စောင့်ဆိုင်းခဲ့ရတာပါ။
နောက်ပိုင်းမှာတော့ ဒီအမျိုးသမီးဟာ သံတိုင်တွေကြားကနေ အန္တရာယ်ကင်းစွာ လွတ်မြောက်သွားခဲ့ပြီး ဒီသတင်းကို Radio La Roca FM မှာ ပထမဆုံးဖော်ပြခဲ့တာ ဖြစ်တယ်လို့လည်း OC သတင်းက ဆိုပါတယ်။
2 years Ago