သံတမန် ဆက်ဆံရေး

September 12, 2020

သံတမန် ဆက်ဆံရေးလုပ်မည့် ဘာရိန်း ဆုံးဖြတ်ချက် အစ္စရေးဝန်ကြီးချုပ် ချီးကျူး

အစ္စရေးနဲ့  ပုံမှန်သံတမန် ဆက်ဆံရေးလုပ်မယ့် ဘာရိန်းနိုင်ငံရဲ့ ဆုံးဖြတ်ချက်ကို အစ္စရေး ဝန်ကြီးချုပ် ဘန်ဂျမင်နေတန်ယာဟုက စက်တင်ဘာ ၁၁ ရက်မှာ  ချီးကျူးလိုက်ပါတယ်။ ဘာရိန်းဟာ အာရပ်စော်ဘွားများပြည်ထောင်စု(ယူအေအီး) လမ်းစဉ်ကိုလိုက်ပြီး အစ္စရေးသံတမန် ဆက်ဆံရေးလုပ်ဖို့ ဆုံးဖြတ်ခဲ့တာပါ။   ဘာရိန်းရဲ့လုပ်ရပ်ဟာ ဒေသတွင်း အီရန်အန္တရာယ်ကို စိုးရိမ်တာ တစိတ်ပိုင်းပါဝင်ပေမယ့် ဒါဟာ  ပါလက်စတိုင်းတွေကို ဒီထက်ပို အထီးကျန်စေမယ့် အန္တရာယ် ဖြစ်စေပါတယ်။ ဘာရိန်းရဲ့ ဆုံးဖြတ်ချက်ကို ဂါဇာဒေသ ဟားမတ်စ်အဖွဲ့က  စက်တင်ဘာ ၁၁ ရက်မှာပဲ ပြစ်တင်ရှုတ်ချခဲ့ပါတယ်။  အဲဒီဆုံးဖြတ်ချက်ဟာ ပါလက်စတိုင်းအရေးကို အကြီးအကျယ် အန္တရာယ်ဖြစ်စေပြီး  အနောက်ဘက်ကမ်းဒေသမှာ လက်ရှိ အစ္စရေး သိမ်းပိုက်မှုတွေကို ထောက်ခံနေတယ်လို့ ဟားမတ်စ်အဖွဲ့ ပြောခွင့်ရပုဂ္ဂိုလ် ဟာဇမ်ကတ်ဆမ်က ပြောပါတယ်။ 
1 year Ago
Up