သံတမန်ရေးရာတိုက်ပွဲ

September 12, 2021

ကမ္ဘာလုံးဆိုင်ရာ သံတမန်ရေးရာတိုက်ပွဲအဖြစ် တိုကျိုမြို့တွင် မြန်မာနိုင်ငံသား ထောင်ချီဆန္ဒပြ

ဂျပန်နိုင်ငံ တိုကျိုမြို့မှာ စက်တင်ဘာ ၁၁-၁၂ ရက် ကမ္ဘာလုံးဆိုင်ရာ သံတမန်ရေးရာတိုက်ပွဲအဖြစ် ကုလသမဂ္ဂမှာ NUG အစိုးရကို တရားဝင်အသိမှတ်ပြုဖိုနဲ့ ပြည်သူကိုယ်စားပြု သံအမတ်ကြီး ဦးကျော်မိုးထွန်းကိုသာ အသိမှတ်ပြုရေး တောင်းဆိုချီတက်ဆန္ဒပြပွဲ ပြုလုပ်ခဲ့ပါတယ်။

ဆန္ဒပြပွဲကို ဂျပန်နိုင်ငံ တိုကျိုမြို့တော် ရှိဘူယမြို့ ကုလသမဂ္ဂရုံးရှေ့မှာ စက်တင်ဘာ ၁၂ ရက် နေ့လယ် ၁ နာရီက ကျင်းပပြုလုပ်ခဲ့တာပါ။

စက်တင်ဘာအတွင်းပြုလုပ်မယ့် ကုလသမဂ္ဂအထွေထွေညီလာခံမှာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကို တရားဝင်အစိုးရအဖြစ် သတ်မှတ်ဖို့နဲ့ သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖြစ်  ဆက်လက်ခန့်ထား အသိမှတ်ပြုပေးဖို့ ဂျပန်ရှိ မြန်မာအဖွဲ့အစည်းပေါင်း ၄၃ ခုရဲ့ စုပေါင်းတောင်းဆိုစာကိုလည်း ဂျပန်ကုလသမဂ္ဂရုံးတာဝန်ခံမှတဆင့် ကမ္ဘာကုလသမဂ္ဂရုံးချုပ်ဆီ ပေးပို့ခဲ့ပါတယ်။

“မြန်မာပြည်သူတွေရဲ့ တသံထည်းအဖြစ် ကုလသမဂ္ဂကိုပြသချင်လို့ အခုလို ပြည်တွင်းပြည်ပ စက်တင်ဘာ ၁၁-၁၂ ရက်အတွင်း နိုင်ငံပေါင်း ၁၇ နိုင်ငံ မြို့ကြီး ၄၀ ကျော် တပြိုင်တည်း ကျင်းပပြုလုပ်ကြတာ” လို့ တိုကျိုချီတက်ပွဲကို ဦးဆောင်သူတဦးဖြစ်တဲ့ ကိုသန့်ဇော်ထက်က ဒီဗွီဘီကို ပြောပြခဲ့ပါတယ်။

လူစည်ကားရာ ရှိဘူယမြို့တဝိုက်မှာ ချီတက်ဆန္ဒပြခဲ့ကြပြီး ဂျပန်အစိုးရ အနေနဲ့အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကို တရားဝင်အစိုးရအဖြစ် သတ်မှတ်ဖို့နဲ့ သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖြစ်  ဆက်ဆံရေး စတဲ့ ကြွေးကြော်သံတွေနဲ့ ဂျပန်နိုင်ငံရောက် မြန်နိုင်ငံသား တိုင်းရင်းသား ၂ ထောင်နီးပါး လာရောက်ပူးပေါင်းခဲ့ကြပါတယ်။

2 years Ago
Up