ဗင်နီဇွဲလား သမ္မတ မာဒူရို ခန့်အပ်ထားတဲ့ သံတမန်တွေရဲ့ အသိမှတ်ပြုလွှာတွေကို ရုပ်သိမ်းမယ်လို့ ပီရူးဒုတိယနိုင်ငံခြားရေး ၀န်ကြီးက မတ် ၁ ရက်နေ့မှာ ပြောကြားလိုက်ပါတယ်။
ပီရူးဟာ ဟွမ်ဂွယ်ဒိုကို သမ္မတအဖြစ် အသိမှတ်ပြုတာမို့ မာဒူရိုခန့်အပ်ထားတဲ့ သံတမန်တွေအနေနဲ့ သူတို့ရဲ့ အသိမှတ်ပြုလွှာတွေကို ၁၅ ရက်အတွင်း ပယ်ဖျက်ဖို့ မြို့တော် လီမာမှာရှိတဲ့ ဗင်နီဇွဲလားသံရုံးကို အကြောင်းကြားစာ ပို့ထားတယ်လို့ ဒုတိယနိုင်ငံခြားရေး ၀န်ကြီး ဟူဂို ဒီဇယ်လာက ဆိုပါတယ်။
အဲဒီကာလဟာ မတ်လ ၉ ရက်နေ့မှာ ကုန်ဆုံးမှာမို့ သူတို့ရဲ့ သံတမန်လုပ်ငန်းဆောင်တာတွေဟာလည်း ရပ်စဲမယ်လို့ ဟူဂို ဒီဇယ်လာက ပြောပါတယ်။
မတ်လ ၉ ရက်နေ့ကစလို့ ဗင်နီဇွဲလား သံရုံးဝန်ထမ်းတွေဟာ ပီရူးနိုင်ငံမှာ တရားမ၀င် ရောက်ရှိနေတယ်ဆိုပြီး သူတို့ကို အကြောင်းကြားခဲ့တယ်လို့ ပြီးခဲ့တဲ့ သီတင်းပတ်က ပြုလုပ်တဲ့ တွေ့ဆုံမေးမြန်းခန်းမှာ ဇယ်လာက ပြောကြားခဲ့ပါတယ်။
2 years Ago