သံဇစ်မြစ်

February 8, 2020

သံဇစ်မြစ်အတွင်း ပိဿာ ၁၀၀ ခန့်ရှိ ကျောက်ငါးကြီးတကောင် ဖမ်းမိ

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့ သံဇစ်မြစ်အတွင်းမှာ ဖေဖော်ဝါရီ ၈ ရက် မနက်ပိုင်းက ပိဿာ ၁၀၀ ဝန်းကျင် ရှိတဲ့ ကျောက်ငါးကြီးတကောင်ကို ကျားပါးစပ်ပိုက်အတွင်း ဖမ်းဆီးရမိခဲ့ပါတယ်။ သံဇစ်မြစ်အတွင်း ငါးဖမ်းပိုက်လုပ်ငန်းကို နှစ်ပေါင်းမြောက်မြားစွာကတည်းက လုပ်ကိုင် စားသောက်ခဲ့ပေမယ့် အခုလို ပိဿာ ၁၀၀ ဝန်းကျင်ရှိ ကျောက်ငါး (ဒေသအခေါ် ငါးတောက်တူ)မျိုး ဖမ်းဆီးရမိတာ မရှိခဲ့ဘူးလို့ ငါးရရှိခဲ့သူ တံငါသည် ဦးကျော်တင်က ပြောပါတယ်။ “ဒီနေ့မနက်က ပိုက်ဖော်တဲ့အချိန်မှာ ပိုက်ထဲမှာ တအားရုန်းနေတော့ မနည်းထိန်းထားရတယ်။ ငါးကလည်း ဟိုဘက်လှည့်ပြေး၊ ဒီဘက်လှည့်ပြေးဆိုတော့ လှေကိုလည်း ထိန်းထားရတယ်။ အဲဒါအနီးအနားက လှေတွေကို အကူအညီတောင်းပြီးတော့ လှေပေါ် မနည်းဆွဲတင်ရတာပေါ့။ ဦးလေး ငါးဖမ်းပိုက်ချလာတာ နှစ်ပေါင်း ၃၀၊ ၄၀ လောက်ရှိပြီ၊ အခုလို ပိဿာ ၁၀၀ ဝန်းကျင်ရှိတဲ့ ငါးတောက်တူကိုတော့ တခါမှ မရဖူးဘူး၊ သူများတွေ ရကြတာကတော့ ပိဿာ (၇၀၊ ၈၀) လောက်ထိတော့ ရကြတယ်၊ ဒီလို ငါးအကောင်ကြီးတွေကတော့ ဒီလိုမြစ်ထဲမှာ ရဖို့ အရမ်းခက်တယ်။”  အဆိုပါ ပိဿာ ၁၀၀ ဝန်းကျင်ရှိ ကျောက်ငါးကို လက်ရှိအချိန်မှာ ကျပ် ၁၀ သိန်းကျော်ထိ ပေးကာ ဝယ်ယူနေကြတယ်လို့ သိရပါတယ်။ နောင်နောင်
1 year Ago
Up