သံဃာအပါအဝင် ၇ ဦး ဖမ်းဆီးခံရ

October 5, 2021

ငါန်းဇွန်မြို့နယ် ကျေးရွာတစ်ခုကို စစ်ကောင်စီတပ်ဝင်စီး၊ သံဃာအပါအဝင် ၇ ဦး ဖမ်းဆီးခံရ

မန္တလေးတိုင်း ငါန်းဇွန်မြို့နယ်အတွင်းက ရေလယ်သောင်ရွာကို အောက်တိုဘာ ၅ ရက် မနက်ပိုင်းမှာ စစ်ကောင်စီတပ်တွေ ဝင်ရောက်စီးနင်းပြီး သံဃာ ၁ ပါးအပါအဝင် ၇ ဦးကို ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဒေသခံတချို့က ပြောပါတယ်။

“အဖမ်းခံရသူတွေက သာမန် ပြည်သူတွေ။ ဖမ်းခံရတဲ့အထဲမှာ သံဃာ တစ်ပါးပါတယ်။ နောက်ပြီး အသက် ၁၇ လောက်ပဲရှိသေးတဲ့ ကလေး တစ်ယောက်ပါတယ်။ ဘယ်လိုအကြောင်းနဲ့ ဖမ်းတယ်လို့တော့ မသိဘူး” လို့ ဒေသခေတစ်ဦးက ဆိုပါတယ်။

အခုရက်ပိုင်းအတွင်း ငါန်းဇွန်မြို့နယ် နဲ့ နွားထိုးကြီးမြို့နယ်တို့က ကျေးရွာတချို့မှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တွေကို စစ်ကောင်စီတပ်က အင်အားအလုံးအရင်းနဲ့ ရှာဖွေနေတယ်လို့ သိရပါတယ်။

3 weeks Ago
Up