သံဃာတော်များ

March 8, 2021

မန္တလေးတွင် သံဃာတော်များက စစ်အာဏာရှင်အလိုမရှိကြောင်း ငြိမ်းချမ်းစွာဆန္ဒပြ

မန္တလေးမှာ ရဲနဲ့စစ်တပ်က အကြမ်းဖက်ဖြိုခွဲတာတွေရှိပေမယ့် မန္တလေးသံဃသမဂ္ဂသပိတ်စစ်ကြောင်းဟာ မတ်လ ၈ ရက်နေ့ မွန်းလွဲပိုင်းက ချီတက်ခဲ့ပြီး သံဃာတော်တွေက မေတ္တာသုတ်နဲ့ မောရသုတ်တွေ ရွတ်ဖတ်ပူဇော်ခဲ့ကြပါတယ်။

8 months Ago

February 16, 2021

ရန်ကုန်တွင် သံဃာတော်များက အာဏာသိမ်းစစ်အစိုးရကို ဆန့်ကျင်ဆန္ဒပြ (ဓာတ်ပုံ)

အာဏာသိမ်းစစ်အစိုးရကို ဆန့်ကျင်ကန့်ကွက်တဲ့အနေနဲ့ သံဃာတော်တွေက ဒီကနေ့ ဖေဖေါ်ဝါရီ ၁၆ ရက်က ရန်ကုန်မြို့မှာ စစ်အာဏာရှင်စနစ်ကို အလိုမရှိကြောင်း လည့်လည် ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။ 

Photo - MPA

8 months Ago

ရန်ကုန်တွင် သံဃာတော်များက အာဏာသိမ်းစစ်အစိုးရကို စတင်သပိတ်မှောက်

စစ်တပ်အာဏာသိမ်းမှုကို ဆန့်ကျင်ကန့်ကွက်တဲ့အနေနဲ့ သံဃာတော်တွေက  ဒီကနေ့ ဖေဖော်ဝါရီ ၁၆ ရက်မှာ ရန်ကုန်မြို့ ရွှေဂုံတိုင်လမ်းမှာရှိတဲ့ ၅ ထပ်ကြီးဘုရားရှေ့ကနေ နတ်မောက်လမ်းရှိ  UN ရုံးရှေ့အထိ မေတ္တာပို့ပြီး လှည့်လည် ဆန္ဒပြကြပါတယ်။ 

စစ်အာဏာသိမ်းမှုအပေါ် တခြားတိုင်းနဲ့ပြည်နယ်တချို့မှာ ဆရာတော်တွေက ကန့်ကွက်လှုပ်ရှားမှုမှာ ပါဝင်လာပေမယ့် ရန်ကုန်မှာ သံဃာတော်တွေပါဝင်မှုမရှိသေးတဲ့ အတွက် ခုလိုလှည့်လည်တာဖြစ်ပြီး သံဃာတော်တွေနဲ့  အစိုးရဝန်ထမ်းတွေ CDMလှုပ်ရှားမှုမှာ ပိုမို ပူးပေါင်းပါဝင်ဖို့  ရွှေဝါရောင်သံဃာ့ လှုပ်ရှားမှု ဦးဆောင်ဆရာတော်က မိန့်ပါတယ်။ 

သံဃာတော်တွေအနေနဲ့ စစ်အာဏာရှင်စနစ်အလိုမရှိကြောင်း ကြွေးကြော်မှုတွေနဲ့အတူ ၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေဖျက်သိမ်းရေးအတွက်လည်း တောင်းဆို ကြွေးကြော် လှည့်လည် ဆန္ဒပြခဲ့ကြပါတယ်။ 

စိုးမိုးအောင်

8 months Ago
More News
Up