သံဃမဟာနာယကအဖွဲ့

March 17, 2021

သံဃမဟာနာယကအဖွဲ့၏ လုပ်ငန်းတာဝန်များ ဆောင်ရွက်ခြင်း လုံးဝရပ်နား

နိုင်ငံတော် သံဃမဟာနာယကအဖွဲ့က လုပ်ငန်းတာဝန်များ ဆောင်ရွက်ခြင်းကို အခုကစလို့ လုံးဝရပ်ဆိုင်းထားဖို့ ဆုံးဖြတ်လိုက်ကြောင်း ထုတ်ပြန်ကြေညာပါတယ်။ 

မတ် ၁၆ ရက်က ပြုလုပ်တဲ့ ၄၇ ပါးစုံညီ အစည်းအဝေးဆုံးဖြတ်ချက်အရ CDM အသွင်ဆောင်သွားတာဖြစ်ကြောင်း အဖွဲ့ဝင်ဆရာတော်တပါးက မြန်မာနောင်းသတင်းဌာနကို မိန့်ကြားထားပါတယ်။ 

အာဏာသိမ်း စစ်ကောင်စီရဲ့ သာသနာရေးဝန်ကြီးဆီကိုရောက်သွားရင် ထုတ်ပြန်ချက် တစ်မျိုးပြောင်းသွားနိုင်တာကြောင့် မူရင်းဆုံးဖြတ်ချက်ကို သိဖို့လို့ ဆိုထားပါတယ်။ 

မဟနရဲ့ ဆုံးဖြတ်ချက်အရ မြန်မာနိုင်ငံမှာ ကိုဗစ်နိုင်တင်း ထိန်းချုပ်နိုင်တဲ့အချိန်အထိ လက်ရှိဖြစ်ပေါ်နေတဲ့ နိုင်ငံရေးတင်းမာမှုများ လျော့ပါးပြီး ပြည်သူတွေ လွတ်လပ်စွာသွားလာ လှုပ်ရှား ပြောဆိုလုပ်ကိုင် ရောင်းဝယ်ဖောက်ကားနေနိုင်တဲ့အချိန်အထိ မဟနရဲ့ လုပ်ငန်းတွေကို လုံးဝရပ်ဆိုင်းထားမှာ ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။ 

ဒါ့အပြင် လက်ရှိဖြစ်ပေါ်နေတဲ့ လက်နက်ကိုင်လူနည်းစုက လူများစုကို အကြမ်းဖက် ဖမ်းဆီး နှိပ်စက် သတ်ဖြတ်မှုတွေကို အမြန်ဆုံးရပ်တန့်ဖို့ကိုလည်းဆရာတော်ကြီးတွေက မေတ္တာရပ်ခံသွားဖို့ သဘောတူခဲ့တယ်လို့ အစည်းအဝေး တက်ရောက်ခဲ့သူဆရာတော်တွေက ပြောကြားကြောင်းကိုလည်း ဘီဘီစီ သတင်းမှာ ဖော်ပြထားပါတယ်။

ပြည်သူတွေ ပိုင်ဆိုင်တဲ့ စည်းစိမ်ဉစ္စာများအား လုယက်ဖျက်ဆီးနေမှုတွေကို လုံးဝမဖြစ်ပေါ်စေဖို့နဲ့ မေတ္တတရားလက်ကိုင်ထားပြီး တွေ့ဆုံညှိနှိုင်းအဖြေရှာပြီး အကျပ်အတည်းထွက်ပေါက်ကို ဦးတည်ဆောင်ရွက်ဖို့ ထုတ်ပြန်ချက်မှာ တိုက်တွန်းထားပါတယ်။

2 years Ago
Up