သံချပ်​အဖွဲ့များအပေါ်ချမှတ်ထားသည့် စည်းကမ်းချက်​များ ပြုပြင်​ပေးရန်​တောင်းဆို

April 9, 2018

သံချပ်​အဖွဲ့များအပေါ်ချမှတ်ထားသည့် စည်းကမ်းချက်​များ ပြုပြင်​ပေးရန်​တောင်းဆို

  သံချပ်​အဖွဲ့​တွေအ​ပေါ် ထုတ်​ပြန်​ထားတဲ့ စည်းကမ်းချက်​ ပြုပြင်​ပေးဖို့ ​​ရွှေလက်​ညှိုးသံချပ်​အဖွဲ့က သက်ဆိုင်ရာတာဝန်ရှိသူတွေကို တိုက်တွန်း​ပြောဆိုလိုက်​ပါတယ်​။ မန္တ​လေးတိုင်း ချမ်းမြသာစည်​မြို့နယ်​ ၆၁ လမ်း ခိုင်​​ရွှေဝါလမ်းက မန္တ​လေးတိုင်း​ဒေသကြီး လူငယ်​သင်​တန်း​ကျောင်းမှာ သတင်းစာရှင်းလင်းပွဲပြုလုပ်​ ပြောကြားလိုက်တာပါ။ ​ရွှေလက်​ညှိုး (ဗကသ)များ သံချပ်​အဖွဲ့ တာဝန်​ခံပုသိမ်​​ကျောင်းသား ​ကို​အောင်​သက်​ပိုင်​​က “ဒီနှစ်​မှာ​တော့ သံချပ်​​တွေအတွက် ​ထုတ်​တဲ့စည်းကမ်းချက်​​တွေထဲမှာ မိနစ် ​၃၀ ​ကျော်​ပြီး သံချပ်​တိုင်​ခဲ့ရင်​ ​နောင်​လာမဲ့နှစ်​​တွေမှာ သံချပ်​တိုင်​ခွင့်ကို နာမည်ပျက်စာရင်းသွင်းမယ်။ ဝင်​​ရောက်​ယှဉ်​ပြိုင်​ခွင့် မ​ပေး​တော့ဘူး။ ဆိုတာဟာ မဖြစ်​သင့်ဘူး။ သံချပ်​ဆိုတာဟာ သဏ္ဍာန်​၊ သရုပ်၊​ ပြဇာတ်​တို​တွေ တေးသီချင်း​တွေပါမှသာ တင်​ပြချင်​တဲ့ အ​ကြောင်းအရာက စုံမှာပါ။ အဲဒါ​ကြောင့် အချိန်​အားဖြင့် ၄၅ မိနစ်​​လောက်​​​တော့​ ပေးသင့်​တယ်။ ပြီး​တော့ တမိနစ်​နှစ်​မိ​လောက်​ လွန်​သွားရင်​တောင်​ အမည်ပျက်လုပ်ဆိုတာက​တော့  ပြည်​သူ့အစိုးရအ​နေနဲ့ မလုပ်​သင့်ဘူးလို့ ထင်​တယ်​” လို့ ​ ပြောပါတယ်​။ ကျ​နော်​တို့ ဗကသ​ကျောင်းသား​တွေအ​နေနဲ့ ပြည်​သူ့အကျိုး၊ ​ကျောင်းသားအကျိုး ​ရှိမယ်​ ဆိုရင်​ ဘယ်​လို အခက်​အခဲမျိုး​တွေ ရှိ​နေပါတယ်​။ ​ရှေ့ဆက်​ပြီးသံချပ်​အဖွဲ့ကို ဦး​ဆောင်​ လုပ်​သွားမှာ ဖြစ်​တယ်​လို့ ဆိုပါတယ်။ ၁၃၇၉-၁၃၈၀ ပြည့်နှစ်​ မဟာသင်္ကြန်​မှာ သံချပ်​အဖွဲ့အ​နေနဲ့ ဗကသများဦး​ဆောင်​တဲ့ ဟိုထိုးဒီထိုး ​ရွှေလက်​ညိုး၊ ပုသိမ်​ကြီးမြို့်​နယ်​ထဲက ထွီ၊ သဗြွန်း စတဲ့ သံချပ်​​တွေနဲ့အတူ မုံရွာနဲ့ စစ်​ကိုင်းမြို့်​က သံချပ်​​အဖွဲ့တွေ ဝင်​​ရောက်​ယှဉ်​ပြိုင်ကြမှာ ဖြစ်​ပါတယ်။
3 years Ago
Up