သဲသောင်ပြင်ပေါ်မှာ ကြယ်ငါးလေးတွေ ဘယ်လိုသွားကြသလဲ

October 10, 2017

သဲသောင်ပြင်ပေါ်မှာ ကြယ်ငါးလေးတွေ ဘယ်လိုသွားကြသလဲ (ရုပ်သံ)

သောင်တင်လာတဲ့ ကြယ်ငါးတကောင် သူ့ရဲ့ ရာပေါင်းများစွာသော လက်သေးသေးလေးတွေ သုံးပြီး ကမ်းခြေ သဲသောင်ပေါ်မှာ တဖြည်းဖြည်းရွေ့ကာ သွားနေတာကို ကြုံတောင့်ကြုံခဲ ထူးဆန်းအံ့သြဖွယ် တွေ့မြင်ရပါတယ်။ အမေရိကန်နိုင်ငံ မြောက်ကယ်ရိုလိုင်းနား သဲသောင်ပြင်ပေါ်မှာ ထမင်းစားပန်းကန်ပြား အရွယ်ရှိတဲ့ ကြယ်ငါးလေးတကောင် လမ်းလျှောက်နေတာကို ဇက်ဘ်ဟောလော့ခ်ဆိုသူက ရုပ်သံရိုက်ကူးခဲ့တာပါ။ “ညနေ ၆ နာရီဝန်းကျင်လောက် ဒီရေကျချိန်မှာ ရေစပ်နဲ့နီးတဲ့ သဲသောင်ခုံပေါ်မှာ ကြယ်ငါးတကောင် လမ်းလျှောက်နေတာ ကျနော်တို့ သတိထားမိတယ်။ တချို့ကြယ်ငါးတွေက ရေစပ်ထဲမှာ၊ တချို့က သောင်ခုံပေါ်မှာ ဖြည်းဖြည်းချင်း တရွေ့ရွေ့သွားနေတာ။ ကမ်းခြေပေါ် လမ်းလျှောက်နေသူတွေလည်း ကြယ်ငါးတွေ အများကြီးတွေ့လို့ ပျော်နေကြတယ်။ တချို့လူတွေက သူတို့ကို ရေထဲ ပြန်ပစ်ထည့်ပေးနေတယ်” လို့ ဇက်ဘ်က ပြောပါတယ်။ လူတချို့က ထူးခြားတဲ့ ဒီရုပ်သံကို နှစ်သက်ကြပေမယ့် တချို့ကတော့ ကြယ်ငါးတွေရဲ့ ကျောရိုးတွေဟာ ထိတ်လန့်စရာကောင်းတယ်လို့ ပြောကြောင်း သည်ဆန်းသတင်းမှာ အောက်တိုဘာ ၉ ရက်နေ့က ဖော်ပြထားပါတယ်။
4 years Ago
Up