သဲဖြူခင်း

September 20, 2020

မနီလာတွင် သဲဖြူခင်း ကမ်းရိုးတန်းသစ်ဖွင့်လှစ်

ဖိလစ်ပိုင်နိုင်ငံရဲ့ မြို့တော် မနီလာက အဆင့်မြှင့်တင် သဲဖြူခင်းထားတဲ့ ကမ်းရိုးတန်းအသစ် ကို စက်တင်ဘာ ၁၉ ရက်က ဖွင့်လှစ်ခဲ့ပြီး ဒေသခံတွေ အများအပြား လာရောက်ခဲ့ကြပါတယ်။  မီတာငါးရာရှည်ပြီး ဆိုးဆိုးရွားရွား ညစ်ညမ်းနေတဲ့ ကမ်းရိုးတန်းကို လှပစေဖို့ ဒိုလိုမိုက် ကျောက်တုံးတွေကို ကြိတ်ချေပြီးရလာတဲ့ တန်ချီတဲ့ သဲဖြူတွေဖြည့်ပြီး ကမ်းခြေအသစ်အဖြစ် ဖွင့်လှစ်ခဲ့တာပါ။  စက်တင်ဘာ ၁၉ ရက်ဟာ နိုင်ငံတကာ ကမ်းရိုးတန်း သန့်ရှင်းရေးနေ့လည်း ဖြစ်ပါတယ်။ အစိုးရရဲ့ သဲဖြူအတု သုံးစွဲမှုကို အုပ်စုအမျိုးမျိုးက ဝေဖန်ခဲ့ပါတယ်။ ဒါဟာ သဘာဝပတ်ဝန်းကျင်ကို ခြိမ်းခြောက်မှုဖြစ်ရုံသာမက အတုတွေကို အာရုံစိုက်စေတယ်။ ပြန်လည်မွမ်းမံ တည်ထောင်ရေးလုပ်ငန်းတွေ လုပ်ဆောင်တာ ပိုနည်းသွား စေမယ်လို့ ဝေဖန်နေကြပါတယ်။  မနီလာပင်လယ်အော်က ညစ်ညမ်းနေတဲ့ ကမ်းရိုးတန်းကို အလှမဆင်ခင် ပထမဆုံး မွမ်းမံသင့်တယ်လို့ ပါမာလာကာယာအုပ်စုခေါင်းဆောင် ဖှာနန်ဒို ဟိကပ်က ပြောပါတယ်။  “ကျန်ခဲ့တဲ့ ရက်ပိုင်းအတွင်း ဒီနေရာမှာ ငါးတွေ အစုလိုက် အပြုံလိုက် သေခဲ့တယ်။ ဒီနှစ်ပိုင်းအတွင်း အနားက တခြားမြို့တွေမှာလည်း ငါးတွေ သေခဲ့တယ်။ အမှိုက်တွေ အများကြီး ရှိနေသေးတယ်”လို့လည်း သူက ပြောပါတယ်။  မနီလာမြို့တော်ဝန်ကတော့ ကျန်းမာရေးခြိမ်းခြောက်မှု ရှိနေခဲ့ရင် မြို့ထဲမှာ ဘယ်လို ဖွံ့ဖြိုးရေးကိုမှ အစိုးရက ခွင့်ပြုမှာ မဟုတ်ဘူးလို့ အခမ်းအနားမိန့်ခွန်းမှာ ပြောပါတယ်။ 
8 months Ago
Up