သောမတ်လီမာ

A d v e r t i s e m e n t With Us

January 29, 2020

သောမတ်လီမာ ပြောင်းရွှေ့မည်မဟုတ်ဟု အက်သလက်တီကိုအသင်းပြော

သောမတ်လီမာဟာ ဇန်နဝါရီ အပြောင်းအရွှေ့ကာလမှာ အသင်းကနေ လုံးဝထွက်ခွာမှာ မဟုတ်ဘူးလို့ အက်သလက်တီကို မက်ဒရစ်အသင်း အမှုဆောင်အရာရှိချုပ်က ပြောပါတယ်။ အာဆင်နယ်အသင်းက ခေါ်ယူဖို့ ကြိုးပမ်းနေတဲ့ ပြင်သစ်ကွင်းလယ်ကစားသမားကို ဥရောပ ထိပ်သီးကလပ် တော်တော်များများကလည်း စိတ်ဝင်စားနေပြီးတော့ ဘိုင်ယန်မြူးနစ် အသင်းကလည်း အသည်းအသန် ချိတ်ဆက်နေတဲ့ ကစားသမား ဖြစ်ပါတယ်။ လီမာဟာ ၂၀၁၈ ခုနှစ်က မိုနာကိုအသင်းကနေ ပြောင်းရွှေ့လာခဲ့ပြီးနောက် အက်သလက်တီကိုမက်ဒရစ်အသင်းမှာ ခြေစွမ်းပြဖို့ ရုန်းကန်နေရသူလည်း ဖြစ်ပါတယ်။ လက်ရှိမှာ နည်းပြ ဆိုင်မွန်နီရဲ့ စိတ်ကြိုက်ကစားသမား စာရင်းကနေ ချန်လှပ်ခံထားရတာကြောင့် အသင်းသစ် ရှာဖွေနေသူလည်း ဖြစ်ပါတယ်။ အက်သလက်တီကိုမက်ဒရစ်အသင်းရဲ့ အမှုဆောင်အရာရှိချုပ် မီဂျယ်အိန်ဂျယ် ဂေးလ်မာရင်ကတော့ လီမာဟာ ရောင်းဖို့မဟုတ်တာကြောင့် အသင်းကနေ ပြောင်းရွှေ့သွားဖို့ ဆိုတာ လုံးဝမဖြစ်နိုင်ဘူးလို့ ပြောထားပါတယ်။ လီမာကို ခေါ်ယူလိုတဲ့ အသင်းတွေကတော့ အနည်းဆုံး ပေါင် သန်း ၃၀ လောက် အသုံးပြုရဖွယ် ရှိနေတယ်လို့ ဖော်ပြနေကြပါတယ်။
1 year Ago

January 5, 2020

သောမတ်လီမာကို ရောင်းထုတ်ရန် လေသံဟလာသည့် ဆီမြွန်နီ

သောမတ်လီမာဟာ စပိန်မြေမှာ မျှော်လင့်ထားသလောက် ဖြစ်မလာနိုင်ခဲ့ဘူးလို့ အက်သလက်တီကို အသင်းနည်းပြ ဒီယေဂိုဆီမြွန်နီက ဝန်ခံပြောဆိုလိုက်ပါတယ်။  ဒါဟာ သူ့ကိုခေါ်ယူဖို့ အသံထွက်နေတဲ့ စပါးနဲ့ အာဆယ်နယ်အသင်းတွေကို မီးစိမ်းပြလိုက်တဲ့သဘောလည်း ဖြစ်ပါတယ်။  ဆီမြွန်နီက ပြင်သစ်လက်ရွေးစင်ကစားသမားကို ချီးကျူမှုပြုလုပ်ခဲ့ပေမယ့် အခုချိန်ကတော့ တခြားအသင်းကို ပြောင်းရွှေ့တာက နှစ်ဖက်စလုံးအတွက် အဆင်ပြေမယ့် ပုံစံဖြစ်တယ်လို့ ဆီမြွန်နီက ဆိုပါတယ်။  အာဆင်နယ်အသင်းဟာ လီမာမိုနာကိုမှာ ရှိနေစဉ် ၂၀၁၇  ခုနှစ်က သူ့ကိုခေါ်ယူဖို့ ကြိုးစားခဲ့ဖူးပေမယ့် အောင်မြင်မှုတော့ မရခဲ့ပါဘူး။ အဲ့ဒီနောက်မှာ သူဟာ အက်သ လက်တီကိုအသင်းကို ပေါင်သန်း ၆၀ နီးပါးနဲ့ ပြောင်းရွှေ့ခဲ့သူဖြစ်ပြီး အာဂျင်တီးနားနည်းပြလက်အောက်မှာ  ခြေစွမ်းပြဖို့ ရုန်းကန်ခဲ့ရပါတယ်။  “လီမာဟာ အရေးပါတဲ့ကစားသမားတဦးဖြစ်ပါတယ်။ သူဟာအသင်းမှာ  အထိုင်ကျဖို့ ရုန်းကန်နေရပေမယ့် တခြားလူတွေမှာမရှိတဲ့ အမှုအကျင့်ကောင်းတွေကို ပိုင်ဆိုင်ထားသူ ဖြစ်ပါတယ်” လို့ ဆီမြွန်နီက ပြောပါတယ်။  လီမာဟာ ရီးရဲလ်ဘက်တစ်အသင်းကို နှစ်ဂိုးတစ်ဂိုးနဲ့အနိုင်ရရှိခဲ့ပွဲမှာ တံ  ကောက်ကြောဒဏ်ရာရရှိခဲ့သူဖြစ်ပြီး ဒီဒဏ်ရာကြောင့် လီဗန်တေးနဲ့ပွဲကို လွဲချော်ခဲ့ရပါတယ်။  လီမာဟာ မိုနာကိုအသင်းနဲ့အတူ တောက်ပလာတဲ့ ကစားသမားတဦးဖြစ်ပြီး ဆီမြွန်နီရဲ့ပြောစကားတွေဟာ စပါးနဲ့ အာဆင်နယ်တို့က လီမာကိုအငှားနဲ့ခေါ်ယူဖို့ ကြိုးစားနေကြောင် းသတင်းတွေထွက်ပေါ်လာချိန်မှာ ပေါ်ပေါက်လာတာပဲဖြစ်ပါတယ်။  စပိန်ကလာတဲ့သတင်းတွေအရ အက်သလက်တီကိုအသင်းဟာလည်း အသက် ၂၄ နှစ်အ ရွယ် တ‌တောင်ပံကစားသမားကို ဈေးလျော့ရောင်းမယ့်အနေအထားမျိုးမှာ မရှိတာကြောင့် လန်ဒန်ကလပ်တွေအနေနဲ့ သူ့ကိုအပြီးသတ်ဝယ်ယူနိုင်မယ့် အခြေအနေမျိုးမှာတော့ မရှိပါဘူး။  လီမာ အာဆင်နယ်ကိုပြောင်းရွှေ့ရေးအတွက် အေးဂျင့်ဖြစ်သူ ဂျော့မန်ဒက်နဲ့ ညှိနှိုင်းနေစဉ်မှာ သူ့ကိုခေါ်ယူချင်တဲ့ အသင်းစာရင်းထဲကို စပါး ကဝင်  ရောက်လာတာဖြစ်ပြီး အပြီးသတ်ခေါ်ယူခွင့်ပါဝင်တဲ့ အငှားစာချုပ်နဲ့ ကမ်းလှမ်းသွားမယ်လို့ ယူဆရပါတယ်။   သောမတ်လီမာဟာ မိုနာကိုအသင်း ၂၀၁၆-၁၇ လီဂူးချန်ပီယံဖြစ်ခဲ့စဉ်က အထူးခြေစွမ်းပြနိုင်ခဲ့သူဖြစ်ပြီး အသင်းအ တွက် ၁၄ ဂိုးသွင်းပြီး ၁၄ ဂိုးအထိဖန်တီးပေးနိုင်ခဲ့ပါတယ်။  ဒါပေမယ့် နောက်ပိုင်းမှာတော့ အဲ့ဒီခြေစွမ်းကို ပုံမှန်ရရှိဖို့ရုန်းကန်ခဲ့ရပြီး အက်သလက်တီကိုအသင်းအတွက် ၅၈ ပွဲပါဝင်ကစားခဲ့ပေမယ့် လေးဂိုးသာ သွင်းယူနိုင် သေးပါတယ်။ 
1 year Ago
Up