သောမတ်စ်ပါတေ

A d v e r t i s e m e n t With Us

April 16, 2020

ဂါနာလက်ရွေးစင် ပါတေးကို ပေါင် ၄၃ သန်းဖြင့် အာဆင်နယ် ခေါ်မည်

အာဆင်နယ်အသင်းဟာ အက်သလက်တီကို ကွင်းလယ်လူ သောမတ်စ်ပါတေးကို  ခေါ်ဖို့ ပေါင် ၄၃ ဒသမ ၅သန်းနဲ့ ကမ်းလှမ်းမယ်လို့သိရပါတယ်။ ဂါနာလက်ရွေးစင် ပါတေးဟာ အက်သလက်တီကိုမက်ဒရစ်အသင်းမှာ ခြေစွမ်းပြနေပြီး စုစုပေါင်း ၃၅ ပွဲအထိ ကစားထားပါတယ်။  အီတလီသတင်းစာ ကော်ရီယာဒယ်လိုစပေါ့ရဲ့အဆိုအရ အာဆင်နယ်အသင်းဟာ ပါတေး အတွက် ပေါင် ၄၃ ဒသမ ၅ သန်းနဲ့ လာမယ့်နွေရာသီအပြောင်း အရွှေ့မှာကမ်းလှမ်းမှာဖြစ်တယ်လို့ ဖော်ပြပါတယ်။  အာဆင်နယ်နည်းပြအာတီတာဟာ အသင်းရဲ့ ကွင်းလယ်ပိုင်းကို တောင့်တင်းမှု ရှိဖို့  ပါတေးကို ခေါ်ယူအားဖြည့်လိုနေတယ်လို့ဆိုပါတယ်။  သောမတ်စ်ပါတေးဟာ အက်သလက်တီကိုအသင်းနဲ့ သုံးနှစ်စာချုပ် သက်တမ်း ကျန်ရှိနေသေးတယ်လို့ သိရပါတယ်။ 
11 months Ago
Up