အားကစားမှာ ကစားသမားတွေချင်း မတူညီနိုင်ပေမယ့် အရောင်ခွဲခြားမှုမရှိကြောင်း ဘိုင်ယန်မြူးနစ်တိုက်စစ်မှူး သောမက်စ်မူလာက ပြောပါတယ်။
အမေရိကမှာ လူမည်းအမျိုးသား ဂျော့ဖလွိုက်စ် သေဆုံးခဲ့ရတဲ့အပေါ် ဆန္ဒပြမှုတွေနဲ့ ကြုံတွေ့နေရပြီး ဘောလုံးလောကသားတွေဟာလည်း တရားမျှတမှုအတွက် တောင်းဆိုနေကြတာပါ။
အားကစားလောကမှာ လူတွေချင်း မတူညီကြပေမယ့် အသားအရောင်က ကိစ္စမရှိကြောင်း၊ မွေးဖွားရာဒေသ၊ ပြောဆိုတဲ့ ဘာသားစကားတွေ အားလုံးမတူညီကြပေမယ့် အားကစားက စည်းလုံးညီညွတ်မူကို အမြဲတမ်း ပြသနိုင်ခဲ့ကြောင်း မူလာကပြောပါတယ်။
သူ့ရဲ့ခြေစွမ်းနဲ့ ပတ်သက်ပြီး သုံးသပ်ရာမှာတော့ အကောင်းဆုံးခြေစွမ်းရရှိနေပြီလို့ ခံစားရကြောင်း၊ ဘောလုံးသမားဘဝအစမှာ မက်ဆီနဲ့ တွဲဖက်ကစားချင်တဲ့ ဆန္ဒရှိခဲ့ဖူးပေမယ့် လက်ရှိအသင်းမှာ လီဝန်ဒေါစကီးလို တိုက်စစ်မှူးရှိနေတာကြောင့် သူဟာ စီရော်နယ်ဒိုထက်လည်း ပိုကောင်းတဲ့ တိုက်စစ်မှူးဖြစ်လာပြီလို့ မူလာက ပြောကြားခဲ့ပါတယ်။
9 months Ago