သောမက်စ်ပါတေ

A d v e r t i s e m e n t With Us

October 23, 2020

သောမက်စ်ပါတေးကို ဗီအဲရာလက်သစ်အဖြစ် မာတီကီယွန် ခိုင်းနှိုင်း

အာဆင်နယ်နဲ့ ပွဲဦးထွက်ပွဲစဉ်မှာ ခြေစွမ်းပြခဲ့တဲ့ သောမက်စ်ပါတေးကို အိုဝင်ဟားဂရေ့စ် နဲ့ မာတင်ကီယွန်က ချီးကျူးပါတယ်။  အက်သလက်တီကိုကနေ ပြောင်းရွှေ့လာခဲ့တဲ့ ဂါနာကွင်းလယ်လူ ပါတေးဟာ သြစတြီးယားကလပ် ရက်ပစ်ဗီယင်နာကို အနိုင်ရခဲ့တဲ့ ယူရိုပါလိဂ်ပွဲစဉ်မှာ ပထမဆုံးအကြိမ် ပွဲထွက်ကစားခဲ့ တာပါ။  အဲဒီပွဲစဉ်ကို BT Sport ကနေ သုံးသပ်တင်ဆက်ခဲ့တဲ့ အိုဝင်ဟားဂရေ့စ်ကတော့  သူမြင်ဖူးသမျှ ပွဲဦးထွက်ကစားပေးသူတွေထဲမှာ အကောင်းဆုံး ခြေစွမ်းပြသနိုင်ခဲ့တဲ့ ကစားသမားတဦး ဖြစ်တယ်လို့ ပါတေးကို ချီးကျူးပါတယ်။  အာဆင်နယ် ဂန္ထဝင်ကစားသမားတဦးဖြစ်တဲ့ မာတင်ကီယွန်ကတော့ သောမက်စ်ပါတေးကို အသင်းဂန္ထဝင်ကစားသမား ဗီအဲရာနဲ့ နှိုင်းယှဉ်ချီးကျူးခဲ့ပြီး ကွင်းရဲ့နေရာတိုင်းမှာ သူရှိနေပြီး သူ့ရဲ့ အဆင့်အတန်းကို ပြသနိုင်ခဲ့တယ်လို့ ချီးကျူးခဲ့ပါတယ်။
4 months Ago

October 9, 2020

အာဆင်နယ်ပရိသတ်များကို ကျေးဇူးတင်ကြောင်း ကစားသမားသစ် သောမက်စ်ပါတေးပြော

အာဆင်နယ်ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုကို ရရှိခဲ့တဲ့အတွက် အားလုံးကို ကျေးဇူးတင်ရှိကြောင်း ကွင်းလယ်ကစားသမားသစ် သောမက်စ်ပါတေးက ပြောပါတယ်။  အက်သလက်တီကို ကွင်းလယ်လူ သောမက်စ်ပါတေးကို အာဆင်နယ်က စာချုပ် ဖျက်သိမ်းကြေးပေါင် ၄၅ သန်းပေးချေပြီး ခေါ်ယူခဲ့တာပါ။  ပါတေးဟာ လက်ရှိအချိန်မှာ ဂါနာလက်ရွေးစင်အသင်းနဲ့ ပူးပေါင်းလေ့ကျင့်နေတာကြောင့် အာဆင်နယ်အသင်းဆီတော့ ရောက်ရှိလာခြင်း မရှိသေးတာဖြစ်ပါတယ်။  အာဆင်နယ်ပရိသတ်တွေကတော့ ဆိုရှယ်မီဒီယာတွေကနေတစ်ဆင့် ပါတေးကို ကြိုဆို ကြောင်း စာတွေပေးပို့ခဲ့ပြီး ပါတေးကလည်း အားပေးချစ်ခင်မှုတွေအတွက် ကျေးဇူးတင်ကြောင်း အသင်းရဲ့ တွစ်တာစာမျက်နှာကနေ တဆင့်ပြန်လည်ပြောခဲ့တာပါ။  မိသားစုဝင်တဦးလို ခံစားရတာက ခမ်းနားတဲ့ ခံစားမှုဖြစ်ပြီး အံ့အားသင့်စရာ ကြိုဆိုမှုတွေနဲ့ ချစ်ခင်အားပေးမှုတွေအတွက် ပျော်ရွှင်ရကြောင်းနဲ့ အားလုံးနဲ့အတူ တွေ့ဆုံရဖို့ မစောင့်နိုင်တော့ ကြောင်း ပါတေးက ပြောခဲ့ပါတယ်။  အသက် ၂၇ နှစ်ရှိ ပါတေးဟာ အက်သလက်တီကိုအတွက် စုစုပေါင်း ၁၈၈ ပွဲ ကစား ပေးခဲ့ပါတယ်။ 
5 months Ago
More News
Up