ရေခဲစပြုနေတဲ့ ရေကန်ငယ်တခုထဲမှာ သောင်တင်နေခဲ့တဲ့ သမင်တကောင်ကို ဆူဘလက်တီ ကောင်တီရဲတပ်ဖွဲ့က ကယ်ဆယ်ခဲ့ရပါတယ်။
ဒီဖြစ်ရပ်ဟာ ဒီဇင်ဘာ ၁၀ ရက်နေ့က အမေရိကန်ပြည်ထောင်စု ယိုမင်းမှာရှိတဲ့ ဒယ်နီရယ်ဒေသအနီးမှာ ဖြစ်ပွားခဲ့တာပါ။
ဒီဖြစ်ရပ် ဖြစ်ပွားနေချိန်မှာ ရဲတပ်ဖွဲ့ဝင်တွေရဲ့ ခန္ဓာကိုယ်မှာ တပ်ဆင်ထားတဲ့ ကင်မရာကနေ ရိုက်ကူးမှတ်တမ်းတင်ခဲ့ပြီး ဒီမှတ်တမ်းဗွီဒီယိုကို ဆူဘလက်တီကောင်တီ ရဲတပ်ဖွဲ့က ထုတ်ပြန်ခဲ့ပါတယ်။
ဗွီဒီယိုဖိုင်မှာ ရဲအရာရှိ ဂျက်စတင်စေးက ကြိုးကို ကွင်းလျှောလုပ်ပြီး ပိတ်မိနေတဲ့ သမင်ကို ရေခဲပေါ် ဆွဲတင်ဖို့ ကြိုးစားနေတာကိုလည်း မြင်တွေ့ရပါတယ်။ ဆွဲတင်လို့အပြီးမှာ အေးနေတဲ့ သမင်ကို နွေးသွားအောင် ပြုလုပ်ပေးခဲ့ရတယ်လို့လည်း ဗွီဒီယိုဖိုင်နဲ့အတူ စာရေးသား ဖော်ပြထားပါတယ်။
အဲဒီနောက်မှာ သမင်ဟာ ထိခိုက်ဒဏ်ရာရခြင်းမရှိဘဲ ပြန်လည်ထွက်ခွာသွားနိုင်ခဲ့တယ်လို့ သိရပါတယ်။
1 year Ago