သောက်သုံးရေလှူဒါန်း

A d v e r t i s e m e n t With Us

April 11, 2020

မိုင်းတုံမြို့နယ်က ရေခန်းခြောက်နေသည့် ကျေးရွာများကို သောက်သုံးရေလှူဒါန်း

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းတုံမြို့နယ်က ကျေးရွာအချို့မှာ ရေခန်းခြောက်နေတာကြောင့် နမ့်တွန်သွေးလှူရှင်များပရဟိတအသင်းနဲ့ မီးသတ်ဦးစီးဌာနတို့ ပူးပေါင်းပြီး သောက်သုံးရေတွေ လိုက်လံလှူဒါန်းပေးနေပါတယ်။ နမ့်တွန်သွေးလှူရှင်အသင်းမှ ဦးအောင်ကိုကိုက ကျနော်တို့ အသင်းဝင်လူငယ်တွေနဲ့ မီးသတ်တပ်ဖွဲ့ဝင်တွေ ပူးပေါင်းပြီး လှူဒါန်းပေးနေတာပါ။ လိုအပ်တဲ့စက်သုံးဆီအတွက် အလှူရှင်ကတော့ ရပ်နီးရပ်ဝေး အပေါင်းအသင်းတွေရဲ့ စေတနာအလျောက် ထည့်ဝင်ငွေနဲ့ မီးသတ်ဦးစီးဌာနကတော့ ရေသယ်ယာဉ်နဲ့ တပ်ဖွဲ့ဝင်အချို့ကူ ညီပေးပါတယ် လို့ ပြောပါတယ်။ နွေရာသီကာလရောက်တိုင်း ရေရှားပါးမှုဒဏ်ခံနေရပြီး သောက်သုံးရေ ပြတ်လပ်မှု နှစ်စဉ်ကြုံနေရတဲ့ မိုင်းတုံမြို့နဲ့ အနီးဝန်းကျင်က ဖာချယ်၊ ဟောင်လီ၊ ပန်ကျိုင်းကျေးရွာသုံးရွာမှာ သွားရောက်လှူဒါန်းခဲ့တာဖြစ်ပြီး နွေရာသီကာလတလျှောက်လုံး သောက်သုံးရေ ပြတ်လပ်တဲ့ ရပ်ကွက်၊ ကျေးရွာတွေကို လှူဒါန်းပေးသွားမယ်လို့ သိရပါတယ်။ အောင်ဇေယျ
11 months Ago
Up