မနေ့ညက ယှဉ်ပြိုင်ကစားခဲ့ကြတဲ့ ပရီးမီးယားလိဂ်ပွဲစဉ်တွေမှာ မန်ချက်စတာစီးတီးအသင်း ဂိုးပြတ်အနိုင်ရပြီး မန်ယူနှင့်ချဲလ်ဆီးအသင်း သရေကျသွားပါတယ်။
ပရီးမီးယားလိဂ် အမှတ်ပေးဇယားကို အပြတ်အသတ် ဦးဆောင်နေတဲ့ မန်စီးတီးအသင်းဟာ အိမ်ကွင်းမှာ ဘုန်းမောက်အသင်းကို ၄ ဂိုးပြတ်အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။
မန်စီးတီးအသင်းဟာ ဒီပွဲမှာ ဘောလုံးပိုင်ဆိုင်မှု အပြတ်အသတ် အသာစီးယူကစားနိုင်ခဲ့ပြီး အနိုင်ဂိုးတွေကိုတော့ အဂူရိုက ၂ ဂိုး၊ စတားလင်းက ၁ ဂိုးနဲ့ ဒန်နီလိုက ၁ ဂိုး သွင်းယူခဲ့တာဖြစ်ပါတယ်။
အမှတ်ပေးဇယား ဒုတိယနေရာက နာမည်ကြီး မန်ယူကတော့ လက်စတာအသင်းရဲ့ အိမ်ကွင်းမှာ ၂-၂ ဂိုးစီ သရေကျသွားခဲ့ပါတယ်။
ဒီပွဲမှာ အိမ်ရှင်လက်စတာအတွက် ဂိုးတွေကို ဗာဒီနဲ့ မက်ကွိုင်းယားတို့က သွင်းယူခဲ့တာဖြစ်ပြီး မန်ယူအတွက် ဂိုးတွေကိုတော့ မာတာက သွင်းယူခဲ့တာဖြစ်ပါတယ်။
နာမည်ကြီး ချဲလ်ဆီးအသင်းကတော့ ဆမ်အာလာဒိုက်လက်ထက်မှာ ရလဒ်ကောင်းတွေ ရရှိနေတဲ့ အဲဗာတန်အသင်းနဲ့ ဂိုးမရှိ သရေကျသွားခဲ့တာဖြစ်ပါတယ်။ အဲဗာတန်ရဲ့ အိမ်ကွင်းမှာ ယှဉ်ပြိုင်ကစားခဲ့တာဖြစ်ပြီး အိမ်ရှင်အသင်းက ဘောလုံးပိုင်ဆိုင်မှု အပြတ်သတ် အသာစီးယူ ကစားနိုင်ခဲ့တာတွေ့ရပါတယ်။
ပရီးမီးယားလိဂ် အမှတ်ပေးဇယားမှာတော့ မန်စီးတီးက ရမှတ် ၅၅ မှတ် အဆင့် ၁၊ မန်ယူက ရမှတ် ၄၂ မှတ်နဲ့ အဆင့် ၂၊ ချဲလ်ဆီးက ရမှတ် ၃၉ မှတ်နဲ့ အဆင့် ၃၊ အဲဗာတန်က ရမှတ် ၂၆ မှတ်နဲ့ အဆင့် ၉၊ ဘုန်းမောက်က ရမှတ် ၁၆ မှတ်နဲ့ တန်းဆင်းဇုန်ထဲမှာ ရောက်ရှိနေပါတယ်။
5 years Ago