သရေကျသော်လည်း ချန်ပီယံလိဂ် ဘိုင်ယန် ဆီမီးတက် (ရုပ်သံ)

A d v e r t i s e m e n t With Us

April 14, 2016

သရေကျသော်လည်း ချန်ပီယံလိဂ် ဘိုင်ယန် ဆီမီးတက် (ရုပ်သံ)

ဧပြီ ၁၄ ရက်မနက်ပိုင်းက ကစားသွားတဲ့ ချန်ပီယံလိဂ် ကွားတားဖိုင်နယ် ဒုတိယအကျော့မှာ ဂျာမနီ ဘွန်ဒစ်လီဂါက ဘိုင်ယန်မြူးနစ်နဲ့ ပေါ်တူဂီကလပ် ဘင်ဖီကာတို့ ၂ ဂိုးစီ သရေကျခဲ့ပေမယ့် ဘိုင်ယန်မြူးနစ်က ဆီမီးဖိုင်နယ် တက်ရောက်သွားပါတယ်။ ပထမပိုင်း ၂၇ မိနစ်မှာ ဘင်ဖီကာတို့ အဖွင့်ဂိုးသွင်းပြီး ပွဲကို ဦးဆောင်ထားခဲ့ပေမယ့် ၃၈ မိနစ်မှာ ဘိုင်ယန်က ချေပဂိုးသွင်းယူတာကြောင့် ပထမပိုင်းမှာတော့ ၁ ဂိုးစီသရေကျခဲ့ပါတယ်။ ဒုတိယပိုင်း ၅၂ မိနစ်မှာတော့ ဘိုင်ယန်က ဒုတိယဂိုးသွင်းယူခဲ့ပေမယ့် ၇၆ မိနစ်မှာ ဘင်ဖီကာတို့ ချေပဂိုးသွင်းယူလို့ ၂ ဂိုးစီသရေကျသွားတာဖြစ်ပါတယ်။ ဒီပွဲမှာ ဘိုင်ယန်မြူးနစ်က ဘောလုံးပိုင်ဆိုင်မှုနဲ့ ဂိုးပေါက်ကန်သွင်းခွင့် အသာစီးရယူထားခဲ့ပါတယ်။ ပထမအကျော့ ဘိုင်ယန်ကွင်းမှာ ဘိုင်ယန်က ၁ ဂိုးဂိုးမရှိနဲ့ အနိုင်ရခဲ့တဲ့အတွက် ၂ ပွဲပေါင်း ရလဒ် ၃ ဂိုး ၂ ဂိုးနဲ့ ဘိုင်ယန်က ဆီမီးဖိုင်နယ်ကို တက်ရောက်သွားပါတယ်။ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်ကို ဘိုင်ယန်၊ စပိန်လာလီဂါက အက်သလက်တီကိုမက်ဒရစ်၊ ရီးရဲလ်မက်ဒရစ်နဲ့ အင်္ဂလန် ပရီးမီးယားလိဂ်က မန်စီတီးတို့ တက်ရောက်သွားပါတယ်။ ဧပြီ ၁၅ ရက်မှာတော့ ဆီမီးဖိုင်နယ်ပွဲစဉ်တွေကို မဲခွဲဆုံးဖြတ်မှာ ဖြစ်ပါတယ်။
5 years Ago
Up