သင်္ဘောမှောက်

December 24, 2018

မြိတ်ကျွန်းစု အပန်းဖြေခရီးသွား အပျော်စီးသင်္ဘော တိမ်းမှောက် ၂ ဦးသေဆုံး

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ကျွန်းစုကို အပန်းဖြေခရီးသွားတဲ့ အပျော်စီးသင်္ဘော တိမ်းမှောက်ပြီး ခရီးသည် အမျိုးသမီး ၂ ဦး သေဆုံးသွားပါတယ်။ ထူးထက်ရှိန် ခရီးသွားကုမ္ပဏီက ပို့ဆောင်တဲ့ အပျော်စီးသင်္ဘောဟာ ဒီဇင်ဘာ ၂၃ ရက် မွန်းလွဲပိုင်းက မြိတ်ကျွန်းစုရှိ ရေပြည့်အော်ကျေးရွာအရှေ့ ရေပြင်မှာ ပင်လယ်ထဲမျောနေတဲ့ သစ်တုံးကို အရှိန်နဲ့တိုက်မိပြီး တိမ်းမှောက်ခဲ့တာပါ။ ရေယာဉ်ပေါ်မှာ ခရီးသည် ၁၇ ဦးနဲ့ လှေသား ၂ ဦး လိုက်ပါလာသွားရာမှာ ခရီးသည် ၂ ဦး သေဆုံးပြီး ၁ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ မြိတ်မြို့မရဲစခန်း တာဝန်ရှိသူက ပြောပါတယ်။ သေဆုံးသွားသူ ၂ ဦးဟာ မန္တလေးမြို့မှာနေထိုင်တဲ့ ဒေါ်ကျင်စိန်နဲ့ ရန်ကုန်မြို့မှာနေတဲ့ ဒေါ်ခင်ဆောင်းတင့်တို့ဖြစ်ပြီး သေဆုံးသူတွေကို မြိတ်မြို့ပြည်သူ့ဆေးရုံကြီးကို ပို့ဆောင်ထားပါတယ်။ ခရီးသွားကုမ္ပဏီ တာဝန်ရှိသူတွေကို ဆက်သွယ်စုံစမ်းပေမယ့် ဆက်သွယ်လို့ ရသေးပါဘူး။ သတင်း၊ ဓာတ်ပုံ - အောင်ကျော်
2 years Ago

July 6, 2018

ဖူးခက်ပင်လယ်ပြင်တွင် သင်္ဘောမှောက်၊ အနည်းဆုံး ၁ ဦးသေဆုံး

ထိုင်းနိုင်ငံ ဖူးခက်ကျွန်းတောင်ပိုင်း ပင်လယ်ပြင်မှာ ဇူလိုင် ၅ ရက်နေ့က သင်္ဘောတစီး မှောက်သွားခဲ့ပြီးနောက် အနည်းဆုံး လူတဦး သေဆုံးပြီး တရုတ်ကမ္ဘာလှည့်ခရီးသည် ဒါဇင်နဲ့ချီ ပျောက်ဆုံးနေတယ်လို့ South China Morning Post သတင်းဌာနက ဖော်ပြပါတယ်။ Phoenix လို့ အမည်ရတဲ့ အဲဒီသင်္ဘောပေါ်မှာ ခရီးသည် ၁၀၅ ဦး လိုက်ပါလာခဲ့ပြီး အက်ဒမန်ပင်လယ်အတွင်း လှိုင်းကြီးမှုကြောင့် တိမ်းမှောက်သွားခဲ့တာ ဖြစ်ပါတယ်။ သင်္ဘောမှောက်မှုမှာ ခရီးသည် ၄၉ ဦး ပျောက်ဆုံးနေဆဲဖြစ်တယ်လို့ ဖူးခက်အုပ်ချုပ်ရေးမှူးက သတင်းထောက်တွေကို ပြောကြားပါတယ်။ လှေမှောက်ချိန်မှာ ကမ္ဘာလှည့်ခရီးသည် အများစုက အသက်ကယ်အင်္ကျီတွေ ဝတ်ဆင်ထားတယ်လို့လည်း အဲဒီအုပ်ချုပ်ရေးမှူးက ပြောပါတယ်။ ပျောက်ဆုံးသူတွေ ရှာဖွေကယ်ဆယ်ရေး ဇူလိုင် ၆ ရက်နေ့ မနက်မှာ ပြန်လည်စတင်နေတယ်လို့ သိရပါတယ်။
3 years Ago
Up