သင်္ဘောသား

December 21, 2018

တူရကီတွင် ကုန်တင်သင်္ဘောတစီး သောင်တင်၊ သင်္ဘောသားများကို ကယ်ထုတ် (ရုပ်သံ)

တူရကီနိုင်ငံ အစ္စတန်ဘူမြို့ ကမ်းရိုးတန်းအလွန်မှာ ဒီဇင်ဘာ ၁၉ ရက်နေ့က ကုန်တင်သင်္ဘောတစီး သောင်တင်သွားလို့ သင်္ဘောသားတွေကို ကေဘယ်လ်ကြိုးသုံးပြီး ကယ်တင်ခဲ့ရပါတယ်။ Comoros Islands မှာ မှတ်ပုံတင်ထားတဲ့ နာတာလီယာဆိုတဲ့ ကုန်တင်သင်္ဘောဟာ လေပြင်းကြောင့် သောင်တင်သွားခဲ့တာပါ။ ၁၂၇ မီတာရှည်တဲ့ အဲဒီသင်္ဘောပေါ်မှာ သင်္ဘောသား ၁၆ ဦး ပါပြီး သူတို့ထဲက ၉ ဦးကို ဘေးကင်းလုံခြုံစွာ ကယ်ထုတ်နိုင်ခဲ့တယ်လို့ အစ္စတန်ဘူ အုပ်ချုပ်ရေးမှူးရုံးက ထုတ်ပြန်ပါတယ်။ ကျန်သင်္ဘောသားတွေကို ကယ်ဆယ်နိုင်ရေး ဆက်လက်ကြိုးပမ်းနေတယ်လို့လည်း ဆိုပါတယ်။ ရုပ်သံမှတ်တမ်းအရ ကယ်ဆယ်ရေးသမားတွေဟာ သောင်တင်နေတဲ့ သင်္ဘောသားတွေကို ကြိုးတွေ၊ ခြင်းတွေသုံးပြီး ဘေးကင်းလုံခြုံစွာ ကယ်ထုတ်နိုင်ခဲ့ပါတယ်။ သောင်တင်သင်္ဘောကြောင့် ထိခိုက်သေဆုံးမှုနဲ့ ပင်လယ်ရေညစ်ညမ်းမှု ရှိမရှိတော့ သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။
3 years Ago

March 23, 2018

မလေးရှားတွင် နစ်မြုပ်ခဲ့သည့် သဲတင်သင်္ဘောပေါ်မှ ပျောက်ဆုံးသင်္ဘောသား ၁၄ ဦးကို ရှာဖွေ

မလေးရှားနိုင်ငံ မူရာမြို့အနီး ပင်လယ်ပြင်မှာ နစ်မြုပ်ခဲ့တဲ့ သဲတင်သင်္ဘောပေါ်က ပျောက်ဆုံးနေတဲ့ သင်္ဘောသား ၁၄ ဦးကို ကယ်ဆယ်ရေးအဖွဲ့တွေက ဆက်လက်ရှာဖွေနေပါတယ်။ ရေယာဉ်ဟာ မာလက်ကာရေလက်ကြားက မူရာမြို့အနီး ပင်လယ်ပြင်မှာ မတ်လ ၂၁ ရက်နေ့က နစ်မြုပ်ခဲ့တာပါ။ ရေယာဉ်ပေါ်မှာ သင်္ဘောသား ၁၈ ဦး လိုက်ပါခဲ့ပြီး ၃ ဦးကို ကယ်တင်နိုင်ခဲ့ပေမယ့် ၁ ဦး သေဆုံးခဲ့ပါတယ်။ ကျန်တဲ့ ပျောက်ဆုံးနေဆဲ သင်္ဘောသား ၁၄ ဦးကို ကယ်ဆယ်ရေးအဖွဲ့တွေက ဆက်လက်ရှာဖွေနေကြတာ ဖြစ်ပါတယ်။ “သင်္ဘာဆီကိုရောက်ဖို့ ကျနော်တို့မှာ အခက်အခဲတွေ ရှိနေပါတယ်။ အထဲဝင်ရင် အန္တရာယ်ရှိနိုင်မလား ဆိုတာကို ကျနော် စိတ်အပူဆုံးပါပဲ။ အထဲမှာက ရေပေါ်ပေါ်နေတဲ့ အရာတွေ အများကြီးရှိနေပါတယ်။ အဲဒါတွေက ကျနော်တို့လူတွေကို ပိတ်မိစေနိုင်သလို အဝင်အထွက်လုပ်ဖို့လည်း အခက်အခဲဖြစ်စေတယ်” လို့ မလေးရှားရေတပ် ရေငုပ်အဖွဲ့မှ ဗိုလ်ကြီးတဦးက ပြောကြားခဲ့တာပါ။ “ပထမဦးဆုံးလုပ်ဖို့လိုတာက သင်္ဘာကို ရေတိမ်ပိုင်းဘက် ဆွဲဖို့ပါ။ သင်္ဘောက တည်ငြိမ်မှုရှိသွားပြီ ဆိုရင်တော့ ကျနော်တို့ ရေငုပ်တာကို ဆက်လုပ်ချင်ပါတယ်။ အခုဆို သင်္ဘောက တည်ငြိမ်မှုရှိနေပါပြီ။ ကျနော်တို့လည်း ရေငုပ်တာကို လုပ်ဆောင်နေပါတယ်။ ရေငုပ်သမား ၂ ယောက်လည်း သင်္ဘောထဲကို ရောက်နေပြီ” လို့ မလေးရှားရေကြောင်း အာဏာပိုင်အဖွဲ့ ညွှန်ကြားရေးမှူးက ပြောကြားခဲ့ပါတယ်။ ပျောက်ဆုံးနေတဲ့ သင်္ဘောသားတွေကို ရှာဖွေကယ်ဆယ်ရေးမှာ ပူးပေါင်းပါဝင်ဖို့ တရုတ်နိုင်ငံက ကယ်ဆယ်ရေး အရာရှိတွေလည်း ရောက်ရှိနေတယ်လို့ သိရပါတယ်။
4 years Ago
Up