သင်္ဘောနစ်

July 4, 2018

အင်ဒိုနီးရှားတွင် ခရီးသည်တင် သင်္ဘောတစီးနစ်မြုပ်၊ ၂၉ ဦး သေဆုံး

အင်ဒိုနီးရှားနိုင်ငံ တောင်ပိုင်း ဆူလာဝေဆီပြည်နယ်က ဆေလာယာကျွန်းစုအနီးမှာ ဇူလိုင် ၃ ရက်နေ့က ခရီးသည် ၁၃၉ ဦး လိုက်ပါလာတဲ့ သင်္ဘောတစီး နစ်မြုပ်ခဲ့တာကြောင့် ဒီနေ့အထိ သေဆုံးသူဦးရေ ၂၉ ဦး ရှိပါတယ်။ အသက်ရှင်ရက်ပြန်တွေ့သူ ၆၉ ဦးရှိကာ သူတို့ထဲက ၃၄ ဦး ဆေးဝါးကုသမှု ခံယူနေရပြီး ခရီးသည် ၄၁ ဦးကတော့ ပျောက်ဆုံးနေဆဲ ဖြစ်ပါတယ်။ မိုးသည်းထန်မှု၊ လှိုင်းထန်မှုတွေကြောင့် သင်္ဘောတိမ်းမှောက်သွားတဲ့နေရာကို သွားဖို့အတွက် အခက်အခဲ ဖြစ်နေတယ်လို့ ဒေသခံ သဘာဝဘေးဒဏ် လျော့ပါးရေး အေဂျင်စီက ပြောပါတယ်။ အင်ဒိုနီးရှားနိုင်ငံမှာ ပြီးခဲ့တဲ့ ဇွန်လ ၁၈ ရက်နေ့နှောင်းပိုင်းကလည်း ကူးတို့လှေတစီး နစ်မြုပ်ခဲ့တာကြောင့် လူပေါင်း ၁၀၀ ကျော် သေဆုံးခဲ့ပါသေးတယ်။
3 years Ago
Up