သင်္ဘောတစီးနစ်မြုပ်

July 16, 2018

ရှန်ဟိုင်းကမ်းလွန်တွင် ကုန်သင်္ဘောတစီးနစ်မြုပ်၊ အမှုထမ်း ၁ဝ ဦး ပျောက်ဆုံးနေ

တရုတ်နိုင်ငံ ရှန်ဟိုင်းကမ်းလွန်မှာ ဇူလိုင် ၁၅ ရက်နေ့က ကုန်သင်္ဘောတစီး နစ်မြုပ်ခဲ့ပြီး သင်္ဘောအမှုထမ်း ၁ဝ ဦး ပျောက်ဆုံးနေပါတယ်။ အဲဒီကုန်သင်္ဘောဟာ တခြား သင်္ဘောတစီးနဲ့ တိုက်မိပြီးနောက် နစ်မြုပ်သွားခဲ့တာ ဖြစ်ပါတယ်။ ဒီအတွက် ရေငုပ်သမားတွေဟာ ပျောက်ဆုံးသင်္ဘောသားတွေကို အချိန်လုပြီး ရှာဖွေနေပါတယ်။ ဒီကနေ့မနက်မှာတော့ သူတို့ဟာ နစ်မြုပ်ခဲ့တဲ့ သင်္ဘောကိုယ်ထည်နဲ့ ကုန်းပတ်တို့ကို ရှာတွေ့ခဲ့ပေမယ့် ပျောက်ဆုံးသင်္ဘောသားတွေကို မတွေ့ခဲ့ပါဘူး။ ဒါ့အပြင် ရေအောက်မြင်နိုင်စွမ်း နိမ့်ကျတာကြောင့် ရှာဖွေရေးဟာ ခါတိုင်းထက် နောက်ကျပြီးမှ ပြီးဆုံးခဲ့ပါတယ်။ ရေငုပ်သမားတွေ အဆိုအရ အဲဒီကုန်သင်္ဘောဟာ ရေအနက် မီတာ ၂ဝ ပင်လယ်ကြမ်းပြင်မှာ ထောင်လျက်အနေအထား တည်ရှိနေတယ်လို့ စီစီတီဗွီသတင်းအရ သိရပါတယ်။
5 years Ago
Up