သင်္ဘောချင်းတိုက်မိခဲ့သည့် အမေရိကန်စစ်သင်္ဘောပေါ်မှ ပျောက်ဆုံးသင်္ဘောသားများ သေဆုံး

June 19, 2017

သင်္ဘောချင်းတိုက်မိခဲ့သည့် အမေရိကန်စစ်သင်္ဘောပေါ်မှ ပျောက်ဆုံးသင်္ဘောသားများ သေဆုံး

ဖိလစ်ပိုင်ကုန်တင်သင်္ဘောနဲ့ တိုက်မိခဲ့တဲ့ အမေရိကန်စစ်သင်္ဘောပေါ်က ပျောက်ဆုံးနေတဲ့ သင်္ဘောသားတွေကို ရေကြီးနေတဲ့ အခန်းတခုထဲမှာ သေဆုံးလျက် ပြန်လည်တွေ့ရှိပြီလို့ အမှတ် ၇ တပ်မရဲ့ တပ်မမှူးက ဇွန်လ ၁၈ ရက်နေ့မှာ ပြောပါတယ်။ ရေလျှံနေတဲ့ နားနေဆောင်ထဲမှာ သေဆုံးနေသူတွေကို တွေ့ရတယ်လို့ ပြောပေမယ့် ဘယ်နှစ်ယောက်လဲ ဆိုတာကိုတော့ မပြောခဲ့ပါဘူး။ ပင်လယ်ပြင်မှာ ရှာဖွေရေးလုပ်နေကြတဲ့ တပ်ဖွဲ့တွေကိုလည်း ပြန်ခေါ်လိုက်ပြီလို့ အဲဒီတပ်မမှူးက ဂျပန်ဆိပ်ကမ်း ယိုကိုဆုကာ ရေတပ်စခန်းမှာ ပြောခဲ့ပါတယ်။ ဆက်လက်ပြီး အမေရိကန်စစ်သင်္ဘောဟာ သင်္ဘောသားတွေသာ ကြိုးစားပြီး မထိန်းသိမ်းနိုင်ခဲ့ရင် တိမ်းမှောက်နစ်မြုပ်သွားနိုင်တဲ့ အခြေအနေ ရှိတယ်လို့ ပြောပါတယ်။ ဇွန်လ ၁၇ ရက်နေ့ မနက်ပိုင်းက သင်္ဘောချင်းတိုက်မိပြီးနောက် စစ်သင်္ဘောပေါ် လိုက်ပါလာတဲ့ တပ်ဖွဲ့ဦးစီးမှူး ဗိုလ်ချုပ်အပါအဝင် ဒဏ်ရာရရှိခဲ့သူ ၃ ဦးကို ယိုကိုဆူကာ ရေတပ်စခန်းက ဆေးရုံကို ပို့ဆောင်နိုင်ခဲ့ပြီး အဲဒီ ၃ ဦးကတော့ အခြေအနေကောင်းမွန်တယ်လို့ ဆိုပါတယ်။ အဲဒီစစ်သင်္ဘောကို ပြန်လည်ပြင်ဆင်ဖို့အတွက် လပေါင်းများစွာကြာနိုင်တယ်လို့ သိရပါတယ်။
6 years Ago
Up