မက္ကဆီကိုမြောက်ပိုင်းမှာ ဇန်နဝါရီ ၁၀ ရက်နေ့က အသက် ၁၁ နှစ်အရွယ် ကျောင်းသား တယောက်ဟာ ဆရာမတယောက်ကို သေနတ်နဲ့ ပစ်သတ်ပြီးနောက် ကိုယ့်ကိုယ်ကိုယ် သတ်သေခဲ့ပါတယ်။
အပစ်အခတ် ဗွီဒီယိုဂိမ်း အကြည့်များပုံရတဲ့ အဲဒီကျောင်းသားဟာ ကော်လဲယော်သဲ ဗန်တက်စ် ပုဂ္ဂလိကကျောင်းထဲကို သေနတ် နှစ်လက်နဲ့ ဝင်လာပြီး ပစ်ခတ်ခဲ့တယ်လို့ တာဝန်ရှိသူတွေက ပြောခဲ့ပါတယ်။
ဒီလိုပစ်ခတ်တာကြောင့် တခြားကျောင်းသား ၅ ယောက်နဲ့ ဆရေတယောက်လည်း ဒဏ်ရာရခဲ့တယ်လို့ တော်ရီယွန် မြို့တော်ဝန်က ပြောခဲ့ပါတယ်။
၁၁ နှစ်အရွယ်ကျောင်းသားက သေနတ် နှစ်လက်နဲ့ ကျောင်းကိုလာတာ ကြေကွဲစရာကောင်း တဲ့ ဖြစ်ရပ်ပဲလို့ မြို့တော်ဝန်က ပြောခဲ့ပါတယ်။
ပြစ်မှုကျူးလွန်တဲ့ ကျောင်းသားဟာ လိမ်မာရေးခြားရှိသူ ဖြစ်ပေမယ့် သူက ဒီနေ့ဟာ ထူးခြားတဲ့ နေ့တစ်နေ့ဆိုပြီး အတန်းဖော်တွေကို ပြောခဲ့တယ်လို့ ကွာဟွေလာပြည်နယ်အုပ်ချုပ်ရေးမှူးက ဆိုပါတယ်။
အဲဒီကျောင်းသားဟာ ဗွီဒီယိုဂိမ်း အကြည့်များတယ်ဆိုပြီး သိရှိထားတယ်လို့လည်း ပြည်နယ်အုပ်ချုပ်ရေးမှူးက ပြောခဲ့ပါတယ်။
၂၀၁၇ ခုနှစ်ကလည်း မက္ကဆီကိုမြောက်ပိုင်းက ပုဂ္ဂလိကကျောင်းတကျောင်းမှာ ကျောင်းသား တယောက်က လူ ၄ ယောက်ကို ပစ်သတ်ခဲ့ပြီးနောက် ကိုယ့်ကိုယ်ကိုယ် သတ်သေခဲ့ပါတယ်။
1 year Ago