သေနတ်သမားများ ပစ်ခတ်မှု

November 3, 2020

ဗီယင်နာမြို့တော်၌ သေနတ်သမားများ ပစ်ခတ်မှုကြောင့် ၂ ဦး သေ၊ ၁၄ ဦး ဒဏ်ရာရ

သြစတြီးယားနိုင်ငံ မြို့တော်ဗီယင်နာမှာ နိုဝင်ဘာ ၂ ရက်က သေနတ်သမားတွေ ပစ်ခတ်လို့ လူ ၂ ယောက် သေဆုံးပြီး ၁၄ ယောက် ဒဏ်ရာရပါတယ်။ သေနတ်သမားတွေက ဂျူးဘုရားကျောင်း အပြင်ဘက်ကစပြီး မြို့လယ်ကောင်နေရာ ၆ ခုမှာ ပစ်ခတ်ခဲ့တာပါ။ ဘားတွေမှာ ထိုင်နေတဲ့ လူအုပ်တွေကို သူတို့က အော်တိုမတ်တစ်သေနတ်တွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ မျက်မြင်တွေက ဆိုပါတယ်။ ရဲတပ်ဖွဲ့က သေနတ်သမားတစ်ယောက်ကို ပစ်သတ်ခဲ့ပါတယ်။ ဒီတိုက်ခိုက်မှုတွေကို အစ္စလာမ်မစ် အကြမ်းဖက်သမား တစ်ယောက်ထက်မနည်းပါဝင်  ပြုလုပ်ခဲ့တာလို့လည်း ပြည်ထဲရေးဝန်ကြီး ကားလ်နေဟာမာက နိုဝင်ဘာ ၃ ရက်မှာ ပြောပါတယ်။ သြစတြီးယားဝန်ကြီးချုပ် စဘတ်ရှန်ခရုစ်ဇ်ကလည်း ဒီတိုက်ခိုက်မှုဟာ စက်ဆုပ်ဖွယ် အကြမ်းဖက်တိုက်ခိုက်မှုလို့ ပြောကြောင်း ရိုက်တာက ဖော်ပြထားပါတယ်။
2 years Ago
Up