သေနတ်သမားပစ်ခတ်မှု

August 11, 2019

နော်ဝေ ဗလီတခုတွင် သေနတ်သမားပစ်ခတ်မှုကြောင့် ၁ ဦး ဒဏ်ရာရ

နော်ဝေနိုင်ငံ မြို့တော် အော်စလိုအနီး ဘာရမ်မြို့က ဗလီတခုမှာ သြဂုတ် ၁၀ ရက်က သေနတ်သမားတဦး ပစ်ခတ်ခဲ့လို့ လူတယောက် ဒဏ်ရာရတယ်လို့ ရဲတွေက ပြောပါတယ်။  အယ်လ်နူးရ်အစ္စလာမ္မစ်စင်တာမှာ ဝတ်ပြုဖို့ ရောက်နေသူတွေက သေနတ်သမားကို ဝိုင်းဖမ်းခဲ့လို့ ပစ်ခတ်မှု ရပ်သွားခဲ့တာပါ။ အမျိုးသားတယောက် ဒဏ်ရာနည်းနည်းရပေမယ့် သေနတ်ဒဏ်ရာလား၊ သေနတ်သမားကို ဖမ်းဖို့ ကြိုးစားရင်း ရတဲ့ဒဏ်ရာလားဆိုတာပြောဖို့ စောသေးတယ်လို့ ရဲက သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။  ပစ်ခတ်မှုအတွက် သံသယရှိသူဟာ လူဖြူ လူငယ်တယောက်ဖြစ်ပြီး တကိုယ်တော် လှုပ်ရှားခဲ့တာ ဖြစ်ပုံရတယ်လို့ ရဲက ပြောပါတယ်။ သူဟာ အသက် ၂၀ အရွယ်ရှိပြီး ပစ်ခတ်တဲ့ နေရာနားမှာနေတဲ့ နော်ဝေနိုင်ငံသား တယောက်လို့ လက်ထောက်ရဲချုပ်က ရိုက်တာသတင်းဌာနကို ပြောပါတယ်။  သံသယ ရှိသူဟာ ဗလီကို မတိုက်ခိုက်ခင်မှာ ဆွေမျိုးတော်စပ်သူ တယောက်ကို သတ်ခဲ့တာ ဖြစ်နိုင်တယ်လို့ ရဲက စနေနှောင်းပိုင်းမှာ ပြောပါတယ်။  သူ့ရဲ့ အိမ်နားမှာ အမျိုးသမီးငယ် တယောက် သေဆုံးလျက်သား တွေ့အပြီးမှာ ရဲက ပြော တာပါ။  သြဂုတ် ၁၁ ရက် အိဒ်ပွဲတော်ကျင်းပဖို့ ပြင်ဆင်နေချိန်မှာ ဗလီတိုက်ခိုက်ခံရတာဖြစ်ပြီး ပွဲတော်ကို လူအယောက် တထောင်လောက်ထိလာဖို့ မျှော်လင့်ထားတာလို့ ဗလီပြောခွင့်ရ ဝါဟိဒ်အာမဒ်က ရိုက်တာ သတင်းဌာနကို ပြောခဲ့ပါတယ်။
Zawgyi Version ေနာ္ေဝ ဗလီတခုတြင္ ေသနတ္သမားပစ္ခတ္မႈေၾကာင့္ ၁ ဦး ဒဏ္ရာရ DVB ေနာ္ေဝႏိုင္ငံ ၿမိဳ႕ေတာ္ ေအာ္စလိုအနီး ဘာရမ္ၿမိဳ႕က ဗလီတခုမွာ ၾသဂုတ္ ၁၀ ရက္က ေသနတ္သမားတဦး ပစ္ခတ္ခဲ့လို႔ လူတေယာက္ ဒဏ္ရာရတယ္လို႔ ရဲေတြက ေျပာပါတယ္။ အယ္လ္ႏူးရ္အစၥလာမၼစ္စင္တာမွာ ဝတ္ျပဳဖို႔ ေရာက္ေနသူေတြက ေသနတ္သမားကို ဝိုင္းဖမ္းခဲ့လို႔ ပစ္ခတ္မႈ ရပ္သြားခဲ့တာပါ။ အမ်ိဳးသားတေယာက္ ဒဏ္ရာနည္းနည္းရေပမယ့္ ေသနတ္ဒဏ္ရာလား၊ ေသနတ္သမားကို ဖမ္းဖို႔ ႀကိဳးစားရင္း ရတဲ့ဒဏ္ရာလားဆိုတာေျပာဖို႔ ေစာေသးတယ္လို႔ ရဲက သတင္းစာရွင္းလင္းပြဲမွာ ေျပာပါတယ္။ ပစ္ခတ္မႈအတြက္ သံသယရွိသူဟာ လူျဖဴ လူငယ္တေယာက္ျဖစ္ၿပီး တကိုယ္ေတာ္ လႈပ္ရွားခဲ့တာ ျဖစ္ပုံရတယ္လို႔ ရဲက ေျပာပါတယ္။ သူဟာ အသက္ ၂၀ အ႐ြယ္ရွိၿပီး ပစ္ခတ္တဲ့ ေနရာနားမွာေနတဲ့ ေနာ္ေဝႏိုင္ငံသား တေယာက္လို႔ လက္ေထာက္ရဲခ်ဳပ္က ႐ိုက္တာသတင္းဌာနကို ေျပာပါတယ္။ သံသယ ရွိသူဟာ ဗလီကို မတိုက္ခိုက္ခင္မွာ ေဆြမ်ိဳးေတာ္စပ္သူ တေယာက္ကို သတ္ခဲ့တာ ျဖစ္ႏိုင္တယ္လို႔ ရဲက စေနေႏွာင္းပိုင္းမွာ ေျပာပါတယ္။ သူ႔ရဲ႕ အိမ္နားမွာ အမ်ိဳးသမီးငယ္ တေယာက္ ေသဆုံးလ်က္သား ေတြ႕အၿပီးမွာ ရဲက ေျပာ တာပါ။ ၾသဂုတ္ ၁၁ ရက္ အိဒ္ပြဲေတာ္က်င္းပဖို႔ ျပင္ဆင္ေနခ်ိန္မွာ ဗလီတိုက္ခိုက္ခံရတာျဖစ္ၿပီး ပြဲေတာ္ကို လူအေယာက္ တေထာင္ေလာက္ထိလာဖို႔ ေမွ်ာ္လင့္ထားတာလို႔ ဗလီေျပာခြင့္ရ ဝါဟိဒ္အာမဒ္က ႐ိုက္တာ သတင္းဌာနကို ေျပာခဲ့ပါတယ္။
2 years Ago
Up