သေနတ်ဖြင့်ပစ်

A d v e r t i s e m e n t With Us

January 7, 2021

အမေရိကန်တွင် ဆန္ဒပြပွဲကို သေနတ်ဖြင့်ပစ်ခဲ့သည့် ဆယ်ကျော်သက်  အပြစ်မရှိဟု ထွက်ဆို

အမေရိကန်ပြည်ထောင်စု၊ ဝစ္စကိုဆင်ပြည်နယ်၊ နိုရှမြို့မှာ ဆန္ဒပြပွဲကို သေနတ်နဲ့ ပစ်ခဲ့လို့ လူ ၂ ယောက် သေဆုံးပြီး တယောက် ဒဏ်ရာရစေခဲ့တဲ့ အမှုတွေနဲ့ စွဲချက်တင်ခံရတဲ့ ဆယ်ကျော်သက် ခိုင်ယာရစ်တန်ဟောက်စ်ဟာ ဇန်နဝါရီ ၅ ရက်နေ့က  မြို့နယ်တရားရုံး ကြားနာပွဲအတွင်း သူ့မှာ အပြစ်မရှိဘူးလို့ ထွက်ဆိုလိုက်ပါတယ်။ အခု အသက် ၁၈နှစ် ရှိပြီဖြစ်တဲ့ ရစ်တန်ဟောက်စ်ဟာ ပထမအဆင့် ရမ်းကား လူသတ်မှုနဲ့ ပစ်ခတ်မှုဆိုင်ရာ တခြားရာဇဝတ်မှု ၅ မှုတို့နဲ့ တရားစွဲ ခံထားရတာပါ။ လူမည်းအမျိုးသား ဂျကော့ဘ်ဘလိတ်ခ်ကို လူဖြူရဲ အရာရှိက အသေပစ်သတ်မှုအပြီး သြဂုတ် ၂၅ ရက်မှာ ဖြစ်ခဲ့တဲ့ ဆန္ဒပြပွဲမှာ သူက ပစ်ခတ်ခဲ့တာလည်း ဖြစ်ပါတယ်။  တရားသူကြီးအဖွဲ့က သူ့အမှုကို ခေနိုရှမှာ မတ် ၂၉ ကနေ စတင် စစ်ဆေးဖို့ရုံးချိန်းထားပြီး သူ့ ရှေ့နေတွေက အမေရိကန်ဒေါ်လာ ၂ သန်းတန် အာမခံပေးခဲ့လို့ သူ့ကို နိုဝင်ဘာလက ပြန်လွှတ်ပေးခဲ့ တာပါ။ အာမခံငွေ ရတဲ့ ရင်းမြစ်က ရှင်းရှင်းလင်းလင်း မသိရသေးပေမဲ့ သူ့ ရှေ့နေတွေကတော့ သူ့အတွက် ရံပုံငွေရဖို့  အလှူငွေကောက်ခံခဲ့တယ်လို့ ရိုက်တာသတင်းဌာနက ရေးပါတယ်။  ရစ်တန်ဟောက်စ်ဟာ ဆန္ဒပြပွဲမှာ သူ့ကိုယ်သူ ကာကွယ်ဖို့ ရိုင်ဖယ် သေနတ်နဲ့ ပစ်ခတ်ခဲ့ တာလို့ သူ့ရှေ့နေတွေက ထွက်ဆိုခဲ့ပါတယ်။ ၂၀၂၀ သြဂုတ် ၂၃ ရက်မှာ ရဲက လူမည်းအမျိုးသား ဘလိတ်ခ်ကို ပစ်ခတ်မှုကို လက်ကိုင်ဖုန်းနဲ့ ရိုက်ကူးထားတဲ့ ရုပ်သံတခု အင်တာနက်ပေါ် ပျံ့နှံ့ခဲ့လို့ အရပ်ဘက်အခွင့်အရေး ဆန္ဒပြသူတွေ မင်းမဲ့ဝါဒီတွေနဲ့ လက်ယာယိမ်း ပြည်သူ့စစ်တွေ ခေနိုရှမြို့ရဲ့ လမ်းတွေပေါ် ထွက်လာခဲ့ကြပါတယ်။
2 months Ago
Up