သေနတ်ဖြင့်ချိန်ကာ ဖမ်းဆီး

March 2, 2021

ပါမောက္ခ ဒေါက်တာအာကာမိုးသူကို သေနတ်ဖြင့်ချိန်ကာ ဖမ်းဆီးသွား

ရန်ကုန်တက္ကသိုလ် အရှေ့တိုင်းပညာဌာန ပါမောက္ခ ဒေါက်တာအာကာမိုးသူကို မတ်လ ၂ ရက်မနက် ၈ နာရီလောက်က  အရပ်ဝတ်လူသုံးဦးက သေနတ်နဲ့ချိန်ပြီး ဖမ်းဆီးသွားတယ်လို့  တက္ကသိုလ် ဆရာမတဦးက အတည်ပြုပြောပါတယ်။

စစ်အာဏာရှင်စနစ်အလိုမရှိကြောင်း ဆန္ဒပြဖို့ တက္ကသိုလ်ဆရာ ဆရာမတွေနဲ့ ကျောင်းသား ကျောင်းသူတွေ လူစုချိန်မှာ အခုလိုအဖမ်းခံခဲ့ရတာပါ။

ဒေါက်တာအာကာမိုးသူကို လူစုဖို့ RC2 အရှေ့မှာ ကျောင်းသားတွေ ထွက်ကြိုနေချိန် ကား ၂ စီးနဲ့ အရပ်ဝတ်လူသုံးဦးက သေနတ်နဲ့ချိန်ကာ ဖမ်းချုပ်ပြီး ကားပေါ်တင်ခေါ်သွားတာလို့ ​မျက်မြင်တွေ့ခဲ့တဲ့ တက္ကသိုလ်ဆရာမတစ်ဦးက ပြောပါတယ်။

ဒေါက်တာအာကာမိုးသူကို ဖမ်းဆီးတဲ့အပေါ်  ကျောင်းသားတွေက တားဆီးဖို့ကြိုးစားချိန်မှာ အရပ်ဝတ်သုံးဦးက သေနတ်သုံးလက်နဲ့ချိန်ရွယ်ခဲ့တယ်လို့လည်း ဆိုပါတယ်။ 

ဒေါက်တာအာကာမိုးသူကို မဖမ်းခင် ကားတစီးက အရင်လှည့်ပတ်နေတာမြင်ရပြီး ဖမ်းဆီးပြီးနောက်ပိုင်းမှ ရဲကားတစီးရောက်လာတာကြောင့် ဆရာဆရာမတွေ အဆောင်တွေမှာ ရှောင်နေရပါတယ်။

9 months Ago
Up