သေနတ်ပစ်ဖောက်ဖမ်းဆီး

May 23, 2021

ကသာပြည်သူ ၈ ဦးကို စစ်ကောင်စီတပ်က သေနတ်ပစ်ဖောက်ဖမ်းဆီး

စစ်ကိုင်းတိုင်း ကသာမြို့နယ် အစုကြီးကျေးရွာမှာ ဒီနေ့မနက် ၃ နာရီဝန်းကျင်က ကျေးရွာဒေသခံပြည်သူ ၈ ဦးကို စစ်ကောင်စီတပ်တွေက သေနတ်ပစ်ဖောက် ဖမ်းဆီးသွားတယ်လို့ သိရပါတယ်။

"မဖမ်းခင် နာရီပိုင်းအလိုက သေနတ်တစ်ချက် ဖောက်သံကြားရပြီးတော့ စာရင်းစာရွက်ကိုင်ပြီး လိုက်ဖမ်တာဖြစ်ကြောင်း၊ အဖမ်းခံရသူတွေကို ဆန္ဒပြတဲ့ဆီမှာ ပါ မပါမေးပြီး ပါသူရော မပါသူရော အကုန်ဖမ်းသွားတာ ယောကျာ်းလေး ၇ ယောက်၊ မိန်းကလေး ၁ ယောက်ပါသွားတာ "လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ဖြစ်စဉ်ကြောင့် ဒေသခံပြည်သူတွေ ထိတ်လန့်နေကြပြီး တစ်ချို့မိသားစုဝင်တွေ ကျေးရွာကနေ ရှောင်တိမ်းသွားတာတွေရှိတယ်လို့ သိရပါတယ်။

6 months Ago
Up