အမေရိကန်ပြည်ထောင်စု နယူးယောက်ပြည်နယ်မှာ သေနတ်ကိုင်ဆောင်ခွင့်ကို ထိန်းချုပ်မယ့် ဥပဒေကြမ်း ၁၀ ခုကို ဇွန် ၆ ရက်မှာ အတည်ပြုလိုက်ပါတယ်။
ပြည်နယ်အုပ်ချုပ်ရေးမှူး ကက်သီဟိုးကိုးက လက်မှတ်ထိုး အတည်ပြုလိုက်တဲ့ ဥပဒေကြမ်းတွေထဲမှာ အရင်က အသက် ၁၈ နှစ်ပြည့်ရင် သေနတ်ကိုင်ခွင့်ထားရာက အသက် ၂၁ နှစ်ပြည့်မှ သေနတ်ကိုင်ဆောင်ခွင့်ပြုမယ်လို့ ပြောင်းလဲလိုက်ပါတယ်။
အမေရိကန်ပြည်ထောင်စုမှာ အရင်လက လူအမြောက်အမြား သေဆုံးခဲ့ရတဲ့ သေနတ်ပစ်ခတ်မှု နှစ်နေရာမှာ ဖြစ်ပြီးတဲ့နောက်မှာ နယူးယော့ခ်ပြည်နယ် လွှတ်တော်အမတ်တွေဟာ ဥပဒေ အသစ် တွေကို အတည်ပြုလိုက်ကြတာပါ။
မေလထဲမှာ နယူးယောက်ပြည်နယ်ထဲက ဘက်ဖလိုးမြို့လယ် စူပါမားကက်တခုမှာ လူ ၁၀ ယောက်သေဆုံးခဲ့ရတဲ့သေနတ်ပစ်ခတ်မှု ဖြစ်ခဲ့သလို၊ တက္ကဆတ်မှာလည်း ကျောင်းသား ကျောင်းသူ ၁၉ ယောက်နဲ့ ဆရာမ ၂ ယောက်သေဆုံးခဲ့ရတဲ့ သေနတ်ပစ်ခတ်မှု ဖြစ်ခဲ့ပါတယ်။
ဒီဖြစ်စဉ်နှစ်ခုစလုံးမှာ သေနတ်သမား နှစ်ယောက်လုံးဟာ အသက် ၁၈ နှစ်အရွယ်တွေ ဖြစ်ပါတယ်။