သေဆုံးအလောင်း

A d v e r t i s e m e n t With Us

July 10, 2020

ယီမင်တွင် ကိုဗစ်-၁၉ ရောဂါ သေဆုံးအလောင်းများအတွက် မြေကျင်းသစ်များတူးမည်

စစ်ဖြစ်နေတဲ့ ယီမင်နိုင်ငံမှာ  ကိုရိုနာဗိုင်းရပ်စ်က ထပ်ခေါင်းထောင်လာတာမို့  တိုင်ယက်စ် မြို့က  သုသာန်တစ်ခုမှာ  မြေကျင်းအသစ်တွေ ထပ်တူးဖို့ စက်ယန္တရားကြီးတွေ ငှားရမ်း နေရပါတယ်။   ယီမင်အာဏာပိုင်တွေက ကိုရိုနာဗိုင်းရပ်စစ် ကူးစက်သူ ၁,၃၀၇ ဦးလို့ ဖော်ပြပေမယ့်  ကုလ သမဂ္ဂကတော့  ဗိုင်းရပ်စ်ဟာ နိုင်ငံအနှံ့လျော့နည်းမသွားဘဲ ကူးစက်ပျံ့နှံ့နေပြီး  ကူးစက်သူ အရေ အတွက်ဟာ ကြေညာတာထက် ပိုများနိုင်တယ်လို့ ဆိုပါတယ်။   ယီမင်နိုင်ငံမှာ ပထမဆုံး ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူကို ဧပြီလ ၁၀ ရက်က ကြေညာခဲ့ ပါတယ်။  ပြည့်စုံတဲ့ ဗိုင်းရပ်စ် စစ်ဆေးနိုင်တဲ့ စွမ်းရည်နဲ့ ကျန်းမာရေးအဆောက်အအုံ မရှိတဲ့  ယီမင်နိုင်ငံမှာ  မကြာခဏ မြေမြုပ်သဂြိုဟ်မှုတွေက အစိုးရကြေညာတဲ့ ကိန်းဂဏန်းတွေနဲ့ ကွဲလွဲ နေပါတယ်။   သေဆုံးခဲ့တဲ့ လူတစ်ဦး ဆိုရင်လည်း  တီယက်စ်မြို့က တစ်ခုတည်းသော ကိုရိုနာဗိုင်းရပ်စ် ဆေးရုံကို တက်ခဲ့ပေမယ့်  ရောဂါ ရှိ၊ မရှိ အတည်ပြုနိုင်တဲ့စစ်ဆေးမှု မလုပ်ခဲ့ရဘူးလို့ သိရပါတယ်။ သူ့မိသားစုဟာ ရောဂါစစ်ဆေးဖို့နဲ့ ဆေးရုံစရိတ် ဒေါ်လာ ၆၀၀ နီးပါးနဲ့ သဂြိုဟ်စရိတ် ဒေါ်လာ ၅၀ ကုန်ခဲ့တာမို့  အကြွေးတင်နေပါတယ်။     အေဒင်ဆိပ်ကမ်းမြို့တောင်ပိုင်းက ဆေးရုံအတော်များများဟာလည်း ကိုရိုနာဗိုငိးရစ် လူနာ တွေကို ကုသဖို့ အသင့်မရှိဘဲ ရောဂါဖြစ်စမှာ လူနာတွေကို ပြန်လွှတ်ခဲ့တယ်လို့ ရိုက်တာက ရေးပါတယ်။ 
8 months Ago

April 18, 2020

အီကွေဒေါတွင် ကိုရိုနာကြောင့် သေဆုံးအလောင်းများကို အအေးခန်းကွန်တိန်နာများဖြင့်ထားရှိ

အီကွေဒေါအစိုးရဟာ နိုင်ငံရဲ့ ကိုရိုနာဗိုင်းရပ်စ် အဓိကပြန့်ပွားနေတဲ့ ဂွါယာကီမြို့မှာ ဗိုင်းရပ်စ်ကူးစက်ခံလူနာတွေရဲ့ အလောင်းတွေကို သိမ်းဆည်းနိုင်ဖို့ အအေးခန်း ကွန်တိန်နာကြီးတွေကို စတင်ထားရှိပေးနေတယ်လို့ ဧပြီ ၁၈ ရက်နေ့ ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။  ဂွါယာကီမြို့က ရင်ခွဲရုံတွေနဲ့ ဆေးရုံတွေမှာ အလောင်းတွေ ပြည့်နေပြီး ထားစရာမရှိ ဖြစ်လာလို့ အစိုးရက ဒီလို စီစဉ်ရတာပါ။  ပီချင်ချာပြည်နယ်ရဲ့ ကွီတိုလေဆိပ်ပြေးလမ်းဟောင်းကိုလည်း ပန်းခြံအဖြစ် ပြောင်းထားပြီး၊ တကယ်လို့ မြို့မှာ နောက်ထပ်အလောင်းတွေ တိုးလာရင် စုထားနိုင်မယ့်နေရာအဖြစ် ပြင်ဆင်ထားပါတယ်။  ပီချင်ချာပြည်နယ်ကလည်း အီကွေဒေါမှာ ကူးစက်ခံရမှုနှုန်း ဒုတိယအမြင့်ဆုံးဖြစ်နေပါတယ်။ အီကွေဒေါနိုင်ငံမှာ ဒီနေ့ မနက်ပိုင်းအထိ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ ၈၄၅၀ ဦးနဲ့ သေဆုံးသူ ၄၂၁ ဦးရှိပြီလို့ သိရပါတယ်။
11 months Ago
Up